March 8, 2025

နောက်ဆုတ်လာနေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအချိန်ကာလ

မော်လမြိုင် ၊ မတ် ၉ အာဏာသိမ်းစစ်ခေါင်းဆောင်က အထွေထွေရွေးကောက်ပွဲကို အခုနှစ်ဒီဇင်ဘာ ဒါမှမဟုတ် နောက်နှစ် ဇန်နဝါရီအစောပိုင်းမှာ ကျင်းပဖို့စီစဉ်ထားတယ်လို့ ဘယ်လာရုစ်ခရီးစဉ်မှာ အချိန်ကာလကို သတ်မှတ်ပြောဆိုလာပါတယ်။ ဘယ်လာရုစ်နိုင်ငံကိုရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ် ၇ရက် နေ့မှာပြုလုပ်တဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲကနေ ပြောဆိုခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲဝင်ဖို့အတွက် နိုင်ငံရေးပါတီ ၅၃ ပါတီက…

ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

လှိုင်းဘွဲ၊ မတ် ၉ ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကလေဖိုးကလိုးကျေးရွာအနီးတဝိုက်မှာ မတ်လဒုတိယအပတ်ထိ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ နယ်စပ်သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး ကလေဖိုးကလိုကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ ပူလူတူတပ်စ ခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ ဦးဆောင်တဲ့ တော်လှန် ရေးပူးပေါင်းအဖွဲ့ တို့က စတင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေဟာ…

ဘုရားသုံးဆူမြို့က တရုတ်နိုင်ငံသားတွေ နေရာရွှေ့ပြောင်း

ဘုရားသုံးဆူ၊ မတ် ၉ ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေကို ထွက်ခွာကြဖို့ DKBA က အမိန့်ထုတ်ပြန်ပြီးနောက် တရုတ်နိုင်ငံသားတွေဟာ မြို့အပြင်ဘက်ကို ပြောင်းရွှေ့သွားသလို အချို့တွေလည်း မြို့ထဲမှာ ဆက်ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဖေဖော် ဝါရီ ၂၈…

ကော့သောင်းမှာ စစ်မှုထမ်းစုဆောင်းခံရတဲ့ လူငယ်နှစ်ဦး PDF ထံ ဝင်ရောက်ခိုလှုံ

ကော့သောင်း၊ မတ် ၉ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းခံရတဲ့ လူငယ်နှစ်ဦး ထွက် ပြေးလွတ်မြောက်လာပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဝင်ရောက်ခိုလှုံခဲ့တယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းခံရတဲ့ လူငယ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ညပိုင်းမှာ ထွက်ပြေးခဲ့တာဖြစ်ပြီး အဲဒီထဲက အမျိုးသားနှစ်ဦးဟာ မတ်လ ၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှာ…

တနင်္သာရီ စစ်ဘေးရှောင်တွေ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နေရလဲ။

“ဆေးဝါးတွေ စားနပ်ရိက္ခာတွေ မရရှိဘူး။ ကျန်းမာရေးဆိုလည်း ဆေးဝါးတွေ မရတော့ စိန်ခေါ်မှုတွေ ဖြစ်လာတယ်။ ခက်တာက အလုပ်အကိုင်တွေလည်း လုပ်လို့မရဘူး။ သူတို့ဆီ အကူအညီတွေ မရောက်ဘူးဆိုတော့ စစ်ဘေးရှောင်တွေက ရုန်းကန်နေရတဲ့ အခြေအနေကို ရောက်နေတယ်” – ခုနစ်စဉ်ကြယ်အဖွဲ့ တာဝန်ရှိသူ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်ဦးရေ ၇၇,၂၀၀ ဦးကျော်အထိရှိခဲ့တယ်လို့ FE5 Tanintharyi…

စွပ်စွဲခံ တောင်ကိုရီးယားသမ္မတကို ဖမ်းဝရမ်း ရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့ တရားရုံး အမိန့်ချ

ဆိုးလ်၊ မတ် ၈ စွပ်စွဲ ပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ရဲ့ ဖမ်းဝရမ်းကို ဖျက်သိမ်းဖို့ တရားရုံး တစ်ခုက မတ် ၇ ရက်မှာ အမိန့်ချလိုက်တာကြောင့် သမ္မတ အနေနဲ့ ပြန်လည် လွတ်မြောက်ရေး လမ်းပွင့် သွားခဲ့ပါတယ်။ ကနဦး ထိန်းသိမ်းထားတဲ့ ကာလ သတ်မှတ်ရက် ကျော်လွန်သွားပြီးနောက်မှ ထွက်ပေါ်လာတဲ့ စွပ်စွဲ ပြစ်တင်မှုအချိန်ကို အခြေခံပြီး…

ဗြိတိန် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေ ယူကရိန်းဆီ စေလွှတ်ရင် တိုက်ရိုက် စစ်ဖြစ်မယ့် သဘောပဲလို့ ရုရှား သတိပေး

မော်စကို၊ မတ် ၈ ယူကရိန်း ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့အတွက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ စီစဉ်နေတာဟာ စစ်ပွဲမှာ ဗြိတိန် တိုက်ရိုက် ပါဝင်တဲ့သဘော ဖြစ်တယ်လို့ ရုရှားက ပြောကြားလိုက်ပါတယ်။ ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီမှု ရလာရင် စောင့်ကြပ်ရေး ဆန္ဒရှိတဲ့ နိုင်ငံတွေ မဟာမိတ် ဖွဲ့ဖို့ ဗြိတိန်ဝန်ကြီးချုပ်က…

မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးငယ် ၁၀ သန်းကျော် အကူအညီလိုအပ်နေ

မော်လမြိုင်၊ မတ် ၈ မြန်မာနိုင်ငံမှာ လူဦးရေရဲ့ သုံးပုံတစ်ပုံကျော်ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေပြီး အဲဒီထဲက အမျိုးသမီးနဲ့ ကလေးငယ် ၁၀ သန်းကျော်ဟာ အဓိက အကူအညီလိုအပ်နေတယ်လို့ ကုသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်ရေးရုံး UNOCHA က မတ် ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ပဋိပက္ခတိုးမြင့်လာတာ၊ ရွှေ့ပြောင်းနေထိုင်သူ များပြားလာတာ၊ သဘာဝဘေးအန္တရာယ်တွေ…

မြန်မာစစ်တပ် ထိပ်တန်းအရာရှိတွေကို ကနေဒါပိတ်ဆို့အရေးယူ

အော်တိုဝါ၊ မတ် ၈ နိုင်ငံ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အားလျော့စေမှု၊ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်စေမှုတို့ကြောင့် မြန်မာစစ်တပ် အကြီးတန်းအရာရှိ ၁၃ ဦးနဲ့ လုပ်ငန်း ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မယ်လာနီဂျိုလီက မတ် ၇ ရက်မှာ ကြေညာလိုက်ပါတယ်။ မြန်မာကာကွယ်ရေးဝန်ကြီးဌာနနဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရဲ့…

လောင်းလုံးမြို့ပေါ်က စစ်တပ်စခန်းသုံးခု ဝင်ရောက်တိုက်ခိုက်ခံရ

လောင်းလုံး၊ မတ် ၈ တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းသုံးခုကို ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ မတ်လ ၈ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်ကစပြီး လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ စရဖရုံးနဲ့ထွေအုပ်ရုံးတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် အချိန်သုံးနာရီကျော်ကြာ…