ရေး၊ မတ် ၇
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းက တပ်သား နှစ်ဦး အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒေါနတပ်ရင်းထံကနေ သိရပါတယ်။
အလင်းဝင်လာတဲ့ တပ်သား နှစ်ဦးဟာ တပ်သား ဇော်ထူးနဲ့ တပ်သား အောင်ပြည့်စုံတို့ ဖြစ်ပြီး သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဒေါနတပ်ရင်းထံ ဆက်သွယ် အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်တဲ့ တပ်သား နှစ်ဦးဟာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ နဲ့ အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားတွေ ဖြစ်တယ်လို့ ဒေါနစစ်ကြောင်းတာဝန်ခံ စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာ အလင်းဝင်လာတဲ့ တပ်သားနှစ်ဦးကို နေထိုင်စားသောက်ရေး စီစဉ်ပေးထားပြီး တပ်သား ၁ ဦးကတော့ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ အဆိုပြုထားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းကာလအတွင်း ဒေါနတပ်ရင်းထံ လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီအရာရှိတွေအပါအဝင် ၂၃ ထက်မနည်း ရှိနေပြီး အဲဒီထဲမှာ ဗိုလ်မှူး၊ဗိူလ်ကြီး ၅ ဦး ပါဝင်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေါနတပ်ရင်း