ကျိုက်ထို၊ မတ် ၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်လမ်းမှာ စစ်မှုထမ်းသင် တန်းဆင်းယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မတ် ၆ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ပဲခူးတိုင်းကနေ ကျိုက်ထိုမြို့နယ်ထဲ မောင်းနှင်းလာတဲ့ ကား ၈ စီးပါ စစ်မှုထမ်းသင်တန်းဆင်း ယာဉ်တန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတွေ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အရေအတွက်အတိအကျကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဒေသခံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ တိုက်ခိုက်ခံရတဲ့ စစ်မှုထမ်း သင် တန်းဆင်းတပ်သားတွေဟာ မော်လမြိုင်တပ်တွေထံ ပို့ဆောင်မယ့် တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်မှုထမ်းသင်တန်းဆင်း ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် သိမ်ဇရပ်အခြေစိုက် အမှတ် ၂၀၇ ခြေ မြန်တပ်ရင်းနဲ့ အမှတ် ၃၁၀ အမြောက်တပ်ကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေ လုပ် ဆောင်ခဲ့တာပါ။

နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်တာ၊ ကင်းပုန်းတွေ အများအပြားချထားသလို နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်း ကင်းထောက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.