ဘေဂျင်း၊ မတ် ၅
ပြည်ပက ကြားဝင် စွက်ဖက်မှုကို ကန့်ကွက်ပြီး ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းရေး အခိုင်အမာ ရှေ့တိုး ဆောင်ရွက်သွာမှာ ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီကီကျန်းက မတ် ၄ ရက်မှာ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံ အားသစ် ပြန်လောင်းရေး စဉ်းစားလာကြစေဖို့ သာမန် ထိုင်ဝမ်ဒေသခံတွေနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ ထိုင်ဝမ်ဟာ သူတို့ ကိုယ်ပိုင်ဒေသ တစ်ခု ဖြစ်တယ်လို့ တရုတ်အစိုးရက ပြောဆိုထားပေမယ့် ထိုင်ဝမ်က အကြိမ်ကြိမ် ပယ်ချထားပါတယ်။
မကြာသေးခင်နှစ်တွေက ဘေဂျင်းဟာ ထိုင်ဝမ်တဝိုက် ကြီးမားတဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ပြီး ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားတွေ ပိုပေးလာခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းရေး ဘေဂျင်းက အစဉ်တစိုက် တွန်းအားပေးနေပြီး ထိုင်ဝမ် လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ ခွဲထွက်ရေး တက်ကြွလှုပ်ရှားသူတွေကို လုံးဝ ဆန့်ကျင်သွားမယ်လို့ ပြောထားပါတယ်။

ထိုင်ဝမ်ကို သူတို့ရဲ့အုပ်ချုပ်မှုအောက် ပြန်လည်ထားရှိရေး စစ်အင်အား အသုံးပြုနိုင်ခြေကိုလည်း ပယ်ချမထားဘူးလို့ တရုတ်က ခြိမ်းခြောက်ထား ပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချန်တီကတော့ ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ် ပြည်သူတွေကပဲ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။
သူဟာ ခွဲထွက်ရေးသမား ဖြစ်တယ်လို့ ဘေဂျင်းက ပြောကြားပြီး သမ္မတ လိုင်ချန်တီကို အစာမကြေ ဖြစ်နေချိန်မှာ သူက ဆွေးနွေးဖို့ အကြိမ်ကြိမ် ကမ်းလှမ်းထားပါတယ်။
တရုတ်နဲ့ အမေရိကန်ကြား ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှု အရှိန်မြင့်တက်လာပြီး ထရန့်အစိုးရက တရုတ်အပေါ်အခွန်တွေ တိုးကောက်နေချိန်မှာ ဘေဂျင်းက ထိုင်ဝမ်နဲ့ ပတ်သက်လို့ ပြည်ပ ကြားဝင်စွက်မှုကို လုံးဝ ဆန့်ကျင်ကြောင်း ပြောကြားထားပါတယ်။
Ref:Reuters