မော်လမြိုင်၊ မတ် ၅

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း စစ်ကောင်စီရဲ့ အရာရှိအဆင့် ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားနဲ့ ရဲ ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း၊ ပကဖ တွေမှာ စစ်ကောင်စီတပ်သားနဲ့ ရဲ ၆၄ ဦး ဆက်သွယ် အလင်းဝင်လာခဲ့တာပါ။

အဲဒီထဲမှာ လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသူ ၄၅ ဦး ရှိပြီး လက်နက်ယူဆောင်လာတဲ့ သူတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူတွေထံကနေ လက်နက်မျိုးစုံ ၄၄ လက်နဲ့ ခဲယမ်းမီးကျောက်တွေ ရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း စစ်ကောင်စီတပ်သားနဲ့ ရဲ ၁၃၆ ဦးဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေါနတပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.