February 2025

NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်မှ ဂန့်ဂေါအ​ခြေစိုက် PDF-Gangaw နုတ်ထွက်

မကွေး ဖေဖော်ဝါရီ ၂၀ ဂန့်ဂေါအ​ခြေစိုက် PDF-Gangaw တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ နုတ်ထွက်ပြီး ယောတပ်တော် YA မှာ တာဝန်ထမ်းဆောင်မယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်မှာကြေညာလိုက်ပါတယ်။ ဂန့်ဂေါခရိုင် အမှတ် ၁၂ တပ်ရင်းအဖြစ် တာဝန်ထမ်းဆောင်နေရာကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်မှာ တပ်ရင်းကို ကာကွယ်ရေးဝန်ကြီးဌာနထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။ တပ်ရင်းအပ်နှံတာကို…

ကျိုက်မရောမှာ မိုင်းပေါက်ကွဲမှုကြောင့် မိသားစုဝင် တစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရ

ကျိုက်မရော၊ ဖေဖော်ဝါရီ ၂၁ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပေါက်တောကျေးရွာ ရော်ဘာခြံတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ မိုင်းပေါက်ကွဲမှုကြောင့် မိသားစုဝင် တစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်အချိန်ခန့်က ရော်ဘာအစေးခြစ်လုပ်သား မိသားစုဝင် တစ်ဦးဟာ လမ်းမှာတွေ့ရှိတဲ့ မြေမြှုပ်မိုင်း နှစ်လုံးကို ကောက်ယူခဲ့ပြီးနောက်…

မြန်မာဘက်က ပို့လိုက်တဲ့ ကျားဖြန့်အလုပ်သမား ပထမအသုတ် ထိုင်းသို့ ရောက်ရှိ

မဲဆောက်၊ ဖေဖော်ဝါရီ ၂၀ သက်ဆိုင်ရာ နိုင်ငံတွေဆီကို ထိုင်းနိုင်ငံကနေတစ်ဆင့် ပြန်လည် ပို့ဆောင်မယ့် ရာနဲ့ချီတဲ့ တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်း အလုပ်သမား ပထမအသုတ်ကို မြန်မာဘက်က လွှဲပြောင်းပေးခဲ့ပြီး မဲဆောက်သို့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တွေမှာ အလုပ်လုပ်နေတဲ့ ထောင်ချီတဲ့ အလုပ်သမားတွေကို…

တရုတ်နဲ့ ချိတ်ဆက်မယ့် ဒေါ်လာ ၈ ဘီလီယံတန် ရထားလမ်း ဖောက်လုပ်ရေး ဗီယက်နမ် လွှတ်တော် ခွင့်ပြု

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၀ ကွန်မြူနစ်စနစ်နဲ့အုပ်ချုပ်တဲ့ နှစ်နိုင်ငံကြား ချိတ်ဆက်မှုကို အားကောင်းအောင် လုပ်ဆောင်ပြီး ကုန်သွယ်မှု ပိုမို လွယ်ကူစေရေး ဗီယက်နမ်မြောက်ပိုင်းက အကြီးမားဆုံး ဆိပ်ကမ်းမြို့နဲ့ တရုတ် နယ်စပ်သို့ ဆက်သွယ်မယ့် ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိ ရထားလမ်း ဖောက်လုပ်ရေး အစီအစဉ်ကို ဗီယက်နမ် လွှတ်တော်က ဖေဖော်ဝါရီ ၁၉ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။ အဲဒီ…

အာဏာသိမ်းကာလအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၃ ဒသမ ၅ သန်းအထိ စံချိန်တင်တိုးလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၀ အာဏာသိမ်းလေးနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့ပြီး လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေသလို ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၅ သန်းခန့်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအရှေ့မြောက်၊ အနောက်မြောက်နဲ့ အရှေ့တောင်ဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကြား နှစ်ဖက်တိုက်ပွဲ…

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၃ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

နောင်ချို၊ ဖေဖော်ဝါရီ ၂၀ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီအချိန်ခန့်မှာ နောင်ချိုမြို့ ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ်ကို…

လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး ပြည်သူ‌တွေကြိုးပမ်းပေးဖို့ စစ်ခေါင်းဆောင်တိုက်တွန်း

နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၀ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ချင်းတိုင်းရင်းသားတွေအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက စစ်ကောင်စီနဲ့အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ကြဖို့ စစ်ခေါင်း ဆောင်က တိုက်တွန်းပါတယ်။ နိုင်ငံတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံတည်ဆောက်ရေးအ တွက် အရေးပါတဲ့အလျောက် လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းဖို့ သူဦးဆောင်တဲ့ အစိုးရနဲ့အတူ လက်တွဲဖို့ ပြောဆိုတာပါ။ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက်…

စစ်အာဏာသိမ်း (၁၄၈၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၃၀၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၂၀ AAPP ရဲ့ ဖေဖော်ဝါရီ၁၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၈၀) ရက်အတွင်း ပြည်သူ (၆၃၀၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၆၂၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၄၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

လုံခြုံရေးကုမ္ပဏီတွေ လက်နက်ကိုင်ဆောင်နိုင်တဲ့ ပုဂ္ဂလိကလုံခြုံရေးဥပဒေ စစ်ကောင်စီပြဌာန်း

နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၀ ပြည်တွင်းပြည်ပ လုံခြုံရေးကုမ္ပဏီတွေ လက်နက်ကိုင်ဆောင်နိုင်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြဌာန်းလိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်မှတ်နဲ့ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြဌာန်းတာလို့ ဖော်ပြပါတယ်။ နိုင်ငံတော် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးတို့ကို အထောက်အကူပြုစေဖို့အပါအဝင် ပုဂ္ဂလိကလုံ ခြုံရေးဝန်ဆောင်မှုကို နိုင်ငံရဲ့…

တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် ခုနှစ်သောင်းခွဲကျော်အထိတိုးလာ

တနင်္သာရီ၊ ဖေဖော်ဝါရီ ၂၀ တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ခုနှစ်သောင်းခွဲကျော်အထိ တိုးလာတယ်လို့ ဒေသတွင်းသုတေသနအဖွဲ့ဖြစ်တဲ့ FE5Thanintharyi ရဲ့အစီခံစာအရသိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ဟာ ကုန်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ ပြည်ထောင်စုလမ်းပိုင်းနဲ့ ရေနက်ဆိပ်ကမ်းဧရိယာကို နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သလို လေကြောင်းနဲ့ ရေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်ရသူ တိုးလာခဲ့တာပါ။ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊…