မွန်အမျိုးသားလွတ်မြောက်ရေးအတွက် အခမ်းအနားက ကြွေးကြော်သံမှာပဲ လမ်းဆုံးနေပြီလား
မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၁ ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီးပိုင်ခွင့်ရှိတဲ့ လွတ်လပ်တဲ့ မွန်ပြည်တည်ထောင်နိုင်ရေး ရည်ရွယ်ချက်နဲ့ မွန်အမျိုးသားနေ့အခမ်းအနားကို ကျင်းပလာခဲ့တာ လာမယ့်ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ၇၈ နှစ်ပြည့်မြောက်တော့မှာပါ။ သမလ၊ ဝိမလ မင်းညီနောင်နှစ်ပါးကနေ ဟံသာဝတီပြည်ကို တည်ထောင်ခဲ့တဲ့ တပို့တွဲလဆုတ် ၁ ရက်နေ့ကိုအစွဲပြုပြီး မွန်တစ်မျိုးသားလုံးရဲ့ နေ့ထူးနေ့မြတ်အဖြစ် မွန်အမျိုးသားနေ့ကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်…