မြန်မာ့အရေး ဝင်မစွက်ဖက်ဘူးလို့ တရုတ်ပြောဆိုမှု ပြက်လုံးအဖြစ်ဝေဖန်ခံရ
နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၂ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ညှိနှိုင်းပေးနေတဲ့တရုတ်က မြန်မာ့ပြည် တွင်းရေးကို ဝင်ရောက်မစွက်ဖက်တဲ့မူ ကျင့်သုံးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောဆိုမှုဟာ ပြက်လုံးအဖြစ် ဝေဖန်ခံနေရပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ လင်ဂျင်က မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အားပေးထောက်ခံတယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ မြန်မာဟာ…