မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၂
နိုင်ငံတစ်ဝန်းမှာ ဖေဖော်ဝါရီလပထမသုံးပတ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၆၇ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအ သင်း AAPP က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၃၀ ဦးနဲ့ အမျိုးသား ၃၇ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀ ဦး ပါဝင်ပြီး သေဆုံးသူတွေထဲက ၅၀ ဦးဟာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရဖြစ်သလို စစ်ကိုင်းတိုင်းမှာ ၁၉ ဦးနဲ့ သေဆုံးသူအများဆုံး ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ ဝက်ယင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဖျက်အားပြင်းဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအ တွင်းရှိ နေအိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်သုံးဦးအပါအဝင် မိသားစုဝင် ခုနစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းလေးနှစ်အတွင်း စစ်ကောင်စီနဲ့ လက်ပါးစေတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၆၃၂၂ ဦး သေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူ ညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU