ကော့ကရိတ်၊ ဖေဖော်ဝါရီ ၂၃
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ Justice Soldier PDF က ဖေ ဖော်ဝါရီ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရွာသစ်ကုန်းကျေး ရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ MA 1သေနတ်တစ်လက်၊ နင်းမိုင်း၊ ခဲယမ်းတွေနဲ့ မူးယစ်ဆေး ဝါးတွေလည်း သိမ်းဆည်းရမိခဲ့တာပါ။
ဒီတိုက်ပွဲမှာ ပါဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတွေ အများအပြား ပါဝင်တာ တွေ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နေ့စဉ်နဲ့အမျှ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူ့ဆန္ဒနဲ့မဆန့်ကျင်ဘဲ ပြည်သူနဲ့တသားတည်း ရပ်တည်ကြဖို့ Justice Soldier PDF က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Justice Soldier PDF