February 21, 2025

အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူတစ်ဦးသေဆုံး

မန္တလေး၊ ဖေဖော်ဝါရီ ၂၂ မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ အကြမ်းဖက်မှု ဥပဒေပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦးဟာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ထံက သိရပါတယ်။ အိုးဘိုအကျဉ်းထောင်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံထားရတဲ့ အသက် ၆၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီဟာ…

တနင်္သာရီမှာ စစ်တပ်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ

တနင်္သာရီ ၊ ဖေဖော်ဝါရီ ၂၂ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်နဲ့ ရေဖြူမြို့နယ်တို့မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အမျိုး သမီးတစ်ဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ ရေဖြူမြို့နယ်ရှိ ရေဖြူရပ်တော်မူဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်ကနေ တိုက်ပွဲမရှိဘဲ ကျခတ္တပင်အင်းကျေးရွာထဲကို လက် နက်ကြီး…

တရုတ်နိုင်ငံသားတွေ ဖွင့်ထားတဲ့ ငွေလိမ်ဂိုဏ်းကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့ စီးနင်း

မနီလာ၊ ဖေဖော်ဝါရီ ၂၁ မနီလာမြို့ရှိ တရုတ်နိုင်ငံသားတွေ ဖွင့်ထားတဲ့ ပြည်ပဂိမ်းလုပ်ငန်းလို့ နာမည်တပ်ထားတဲ့ဂိုဏ်းကို ရဲတပ်ဖွဲ့ ဝင်ရောက် စီးနင်းပြီး လူ ၄၅၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဖိလစ်ပိုင် ရာဇဝတ်ဂိုဏ်း တိုက်ဖျက်ရေး ကော်မရှင်က ပြောကြားလိုက်ပါတယ်။ အားကစားဆိုင်ရာ လောင်းကစား လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံရေး အစီအစဉ်တွေနဲ့အတူ တရုတ်နဲ့ အိန္ဒိယနိုင်ငံသားတွေကို ပစ်မှတ်ထားနေတဲ့ ငွေလိမ်ဂိုဏ်းကို ဆင်ခြေဖုံးဒေသမှာ…

တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီမှု ရယူနိုင်ခြေရှိတယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁ အမေရိကန်ရဲ့ အခွန်တိုးမြှင့် ကောက်ခံရေး မူဝါဒရဲ့ အဓိကပစ်မှတ် ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူညီမှု ရယူနိုင်ခြေရှိတယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားလိုက်ပါတယ်။ ၂၀၂၀ ပြည့်နှစ်တုန်းက တရုတ်နဲ့ ကြီးကျယ်တဲ့ ကုန်သွယ်ရေး သဘောတူညီမှုရယူဖို့ အမေရိကန်က သဘောတူခဲ့ပါတယ်။ အခုတော့သဘောတူညီမှုအသစ် တစ်ခု ရယူဖို့ ဖြစ်နိုင်ခြေ ရှိပါတယ်လို့…

ရှမ်းမြောက်မှာ လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ် တစ်ဦး သေဆုံး

မုံးစီး၊ ဖေဖော်ဝါရီ ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးစီးမြို့နယ် ဆိုက်ခေါင်ကျေးရွာမှာ ကလေးငယ် နှစ်ဦးဟာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို ယူဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပြီး တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၈…

တနင်္သာရီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး PDF ထံ အလင်းဝင်

တနင်္သာရီ၊ ဖေဖော်ဝါရီ ၂၁ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၅၈ ခြေမြန်တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦး အပါအဝင် တပ်သား ခုနစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒေါနတပ်ရင်းက ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ခမရ ၅၅၈ တပ်ရင်းက တပ်ကြပ်ကြီးနဲ့ ဒုတပ်စိပ်မှူးအပါအဝင် စစ်ကောင်စီတပ်သား ခုနှစ်ဦးဟာ လမ်းကင်းယူတဲ့အချိန် ဗျူဟာ…