မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၉

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၆ ဦး သေ ဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

NUG ရဲ့ တောင်ပိုင်းစစ်ဒေသဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးနဲ့တနင်္သာရီတိုင်းတို့မှာ ဇန် နဝါရီလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲ ၄၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၆ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့သလို ၂၈ ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ NUG တောင်ပိုင်းစစ်ဒေသရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၁၅၇ ဦး သေဆုံးပြီး ၉၈ ဦး ဒဏ်ရာရရှိခဲ့ကာ တော်လှန် ရေးတပ်ဖွဲ့ တွေထံ အလင်းဝင်သူ ၂၃ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

NUG ရဲ့ တောင်ပိုင်းစစ်ဒေသရှိ စစ်ဆင်ရေးတွေကိုတော့ မွန်၊ကရင်၊ဗမာနဲ့ထားဝယ်လူမျိုးစု တော် လှန်ရေးတပ်ဖွဲ့တွေက အတူတကွပူးပေါင်းပြီး စစ်ရေး ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.