တနင်္သာရီ၊ ဖေဖော်ဝါရီ ၁၈
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာကို စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ ဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ညောင်ပင်ကွင်းကျေး ရွာကို လေယာဉ်နဲ့ လေးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲမှုကြောင့် စာကြည်တိုက် တစ်လုံးအပါအဝင် ဒေသခံနေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။
ညောင်ပင်ကွင်းကျေးရွာကို စစ်ကောင်စီတပ်ဗုံးမကြဲမီ အဲဒီနေ့မနက်ပိုင်းက ညောင်ပင်ကွင်းကျေး ရွာနဲ့သိန်းခွန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ညောင်ပင်ကွင်းကျေးရွာဒေသခံတွေဟာ နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး မောတောင်-တနင်္သာရီလမ်းပိုင်းကို ပြန် လည်ထိန်းချုပ်ဖို့ ကြိုးပမ်းလာတဲ့အတွက် နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ