February 12, 2025

စစ်ကောင်စီပေးမယ့် ထောက်ပံ့ကြေး စစ်ရှောင်တွေမယုံကြည်

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၃ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ယာယီနေရပ် စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်တစ်ဦးကို တစ်လလျှင် ကျပ်နှစ်သောင်း ထောက်ပံ့ပေးမယ့် စစ်ကောင်စီရဲ့ အစီအစဉ်အပေါ် အယုံအကြည်မရှိဘူးလို့ စစ်ရှောင်တွေက ပြောလာပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ရှောင်ပြည်သူတွေကို လစဉ် ထောက်ပံ့ကြေး ပေးအပ်သွားမယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က နေပြည်တော်မှာ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့…

ဗဟိုအခြေပြုဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးမှာ မဟုတ်ဘူးလို့ တိုင်းရင်းသားအဖွဲ့တွေ ကြေညာ

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၃ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်‌ရေးမှာ ဗဟိုချုပ်ကိုင်မှုစနစ် အသစ်တဖန် ပြန် လည်အားကောင်းစေမယ့် ဗဟိုအခြေပြုဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးသွားမှာ မဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ တိုင်းရင်းသားအဖွဲ့တွေ ကြေညာပါတယ်။ ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး အခြေခံချဉ်းကပ်မှုနဲ့သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားနိုင်ရေး ကြိုးပမ်းသွားမယ်လို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီတွေပါတဲ့ အဖွဲ့ ၉ ဖွဲ့ကနေ ထုတ်ပြန်လာတာပါ။…

စစ်ကောင်စီ ပိတ်ပင်ထားပေမယ့် ရွှေကုက္ကိုလ်မြို့ စက်သုံးဆီရရှိရေး BGF က ဘားအံနဲ့ လှိုင်းဘွဲမြို့နယ်တွေမှာ လာရောက်ဝယ်ယူနေ

မြဝတီ၊ ဖေဖော်ဝါရီ ၁၃ စစ်ကောင်စီဘက်က မြဝတီမြို့နယ်ထဲကို စက်သုံးဆီ သယ်ဆောင်ခွင့် ပိတ်ပင်ထားပေမယ့် ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့က ရွှေကုက္ကိုလ်မြို့မှာ စက်သုံးဆီရရှိရေးအတွက် ဘားအံနဲ့လှိုင်းဘွဲမြို့နယ်အထိ သွားရောက်ပြီး စက်သုံးဆီဝယ်ယူနေတယ်လို့ ရွှေကုက္ကိုလ်ဒေသခံတွေက သံလွင်တိုင်းမ်ပြောပါတယ်။ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ထိုင်းနိုင်ငံအစိုးရက ဖေဖော်ဝါရီ ၅ ရက်ကစလို့ မြန်မာဘက်ခြမ်းကို ဖြန့်ဝေရောင်းချပေးနေတဲ့ လျှပ်စစ်မီးနဲ့ လောင်စာဆီတို့ကို ဖြတ်တောက်ခဲ့ရာ…

ချောင်းနှစ်ခွမှာ စစ်ကောင်စီအဖွဲ့ ဖြုတ်ယူရောင်းစားမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပျက်စီး

ကျိုက်မရော၊ ဖေဖော်ဝါရီ ၁၃ မွန်ပြည်နယ် ကျိူက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေရဲ့ ဖြုတ်ယူရောင်းစားမှုကြောင့် နေအိမ် ၂၀၀ နီးပါး အကောင်းတိုင်းမရှိတော့ဘဲ ပျက်စီးသွားပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ချောင်းနှစ်ခွရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ ပစ္စည်းအဟောင်းရောင်းဝယ်သူတွေနဲ့ပေါင်းပြီး နေအိမ်တွေက အမိုးသွပ်၊ အိမ်တံခါးမ၊ ပြတင်းပေါက်၊ အိမ်တိုင်တွေကအစ ချွတ်ယူရောင်းစားမှုတွေ ကျူးလွန်နေတာပါ။ စစ်ကောင်စီပူးပေါင်းအဖွဲ့က နေအိမ်တွေကို…

စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာခဲ့မှုဟာ အတိုက်အခံတွေကြောင့်လို့ တောင်ကိုရီးယား သမ္မတ ပြော

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၂ မိမိအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာဖို့ ဆုံးဖြတ်ခဲ့တာဟာ မလိုမုန်းထားတဲ့ အတိုက်အခံတွေကြောင့် ဖြစ်တယ်လို့ ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ခ်ယိုလ်က ဖေဖော်ဝါရီ ၁၁ ရက်နေ့က တရားရုံးမှာ ပြောကြားလိုက်ပါတယ်။ အတိုက်အခံတွေက သူ့ကို ထောက်ခံ ကြိုဆိုဖို့နဲ့ လက်တွဲ အလုပ်လုပ်ဖို့ ငြင်းဆန်တာဟာ သူ့အစိုးရကို ဖျက်ဆီးပစ်လိုတဲ့ သဘောထားကို လှစ်ဟပြနေတာ…

ရုရှားနဲ့ယူကရိန်းတို့ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေ အပြန်အလှန်အလဲအလှယ် လုပ်ဖို့ ဇီလန်စကီး အဆိုပြု

ကိဗ်၊ ဖေဖော်ဝါရီ ၁၂ စစ်ပွဲ အဆုံးသတ်ရေး ဖြစ်လာနိုင်ခြေရှိတဲ့ ညှိနှိုင်းမှုတွေမှာ ကိုယ်စီ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို ရုရှားနဲ့ လဲလှယ်ရေး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အဆိုပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက အမှတ်မထင် ဝင်ရောက် တိုက်ခိုက်မှု အတွင်း ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံ ကာ့စ်ဒေသရဲ့ အစိတ်အပိုင်းတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ရုရှား သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေကို…

နိုင်ငံရေးနည်းနဲ့ အဖြေရှာရေး ဒေသခံတွေ အားပေးဖို့ စစ်ခေါင်းဆောင် မေတ္တာရပ်ခံ

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၂ ဒေသခံတိုင်းရင်းသားတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် မိမိတို့ လိုလားချက်တွေကို နိုင်ငံရေးနည်းလမ်းနဲ့စေ့စပ်ညှိနှိုင်းအဖြေရှာရေး အားပေးဆောင်ရွက်ကြဖို့ စစ်ခေါင်းဆောင်က မေတ္တာရပ်ခံလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ‌ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ ကိုယ်စီလိုလားချက်တွေကို လက်နက်ကိုင်နည်းလမ်းနဲ့ တောင်းဆိုတာက မှန်ကန်တဲ့ ကောင်းကျိုးရလဒ်တွေ ရရှိနိုင်မှာ မဟုတ်တဲ့အတွက်…

ဖုန်းလိမ်လည်စင်တာမှ ဝန်ထမ်း ၅၃ ဦးကို မြန်မာဘက်ကနေ ထိုင်းလက်ခံမယ်

ဘန်ကောက် ဖေဖော်ဝါရီ ၁၂ နိုင်ငံ ၈ နိုင်ငံက ဖုန်းလိမ်လည်ခေါ်ဆိုမှု စင်တာဝန်ထမ်း ၅၃ ဦးကို မြန်မာဘက်ကနေ ထိုင်းအာဏာပိုင်တွေက ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲပိုင်း နယ်စပ်မှာ ပြန်လည်လက်ခံမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ထိုင်းဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ရဲ့ အဆိုအရ မြန်မာနယ်စပ်မြို့နယ်တချို့မှာရှိတဲ့ ဖုန်းငွေလိမ်စင်တာမှာ အလုပ်လုပ်ခဲ့ကြသူ…