မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၂

နိုင်ငံတဝန်း စစ်ရှုံးနေတဲ့ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့် အဓမ္မစစ်သားစုဆောင်းခံရတဲ့ လူ ငယ်၊ လူရွယ်တွေအနေနဲ့ အမြန်ဆုံးဘက်ပြောင်းခိုလှုံကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲနဲ့ တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြပြီး လူငယ်၊ လူရွယ်တွေကို စစ်ထဲသွင်းပြီး တိုက်ပွဲပြင်းထန်နေတဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေထံ ပို့ဆောင်နေတဲ့အတွက် ထိခိုက်ကျဆုံးမှုတွေ များ ပြားနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဓမ္မစစ်သားစုဆောင်းခံရတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မ တော် PDF တပ်ရင်းတွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို ကြိုတင်ဆက်သွယ်ပြီး အမြန်ဆုံးဘက်ပြောင်းခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ လူငယ်၊ လူရွယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို အကောင်းဆုံးတာဝန်ယူ ဆောင်ရွက်ပေးမှာဖြစ်ပြီး လက်နက်ခဲယမ်းတွေ ပါရှိလာပါက ထိုက်တန်စွာ ဆုကြေးငွေတွေ ချီးမြှင့်ပေးအပ်သွားမယ်လို့ အသိပေးထားပါတယ်။

လက်ရှိမှာလည်း နိုင်ငံရေးအမြင်ရှိတဲ့ လူငယ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့တော်လှန် ရေး အင်အားစုတွေထံ ကြိုတင်ဆက်သွယ်ပြီး လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်တာ၊ အ လင်းဝင်တာ၊စစ်တပ်မှ ထွက်ပြေးတာတွေ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက်အရ အခုနှစ် ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီရဲ့ အရာရှိအဆင့် ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သားနဲ့ ရဲ ၁၃၆ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.