ထားဝယ်အထူးစီးပွားရေးဇုန်မှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၂၀၀၀ ကျော်တိမ်းရှောင်နေရ
ရေဖြူ၊ ဇန်နဝါရီ ၂၃ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာ ၄ ရွာက ဒေသခံပြည်သူ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အားအများအပြားပါတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းကစပြီး ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်…