January 2025

မကွေးနဲ့ရခိုင်အစပ်မှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦး ဖမ်းဆီးရမိ

မကွေး ဇန်နဝါရီ ၂၃ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်သား ၁၂ ဦးဖမ်းဆီးရမိတယ်လို့ PRA-Magway ရဲ့ စစ်ဦးစီးချုပ် နောင်သူရိန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရခိုင်-မကွေးအစပ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ရခိုင်ပြည်နယ်ကနေပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေထဲက ခမရ ၁၁၃ က ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၂ ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တာပါ။ “တိုက်ပွဲတွေကနေ…

ထိုင်းမှာ LGBTQ စုံတွဲ ရာပေါင်းများစွာ တရားဝင် လက်ထပ်

ဘန်ကောက်၊ ဇန်နဝါရီ ၂၃ ထိုင်းနိုင်ငံမှာ လိင်တူထိမ်းမြားခွင့်ဥပဒေ အသက်ဝင်လာခဲ့ပြီးနောက် ဇန်နဝါရီ ၂၃ ရက်မှာ လူသိထင်ရှား လိင်တူအမျိုးသား စုံတွဲ တစ်တွဲ အပါအဝင် နိုင်ငံတဝန်းရှိ LGBTQ စုံတွဲ ရာပေါင်းများစွာ လက်ထပ်ခဲ့ကြပါတယ်။ ထိုင်း သရုပ်ဆောင်ဖြစ်တဲ့ အသက် ၄၉ နှစ်အရွယ် အပီဝတ်ဆေယီနဲ့ အသက် ၃၈ နှစ်အရွယ် ဆပ်ဖန်ယိုတို့ဟာ ဆင်တူ…

ယူကရိန်းစစ်ပွဲ အဆုံးမသတ်ရင် ပိတ်ဆိုမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ပူတင်ကို ထရန့် သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ သမ္မတ ဗလာဒီမာ ပူတင် ပျက်ကွက်ခဲ့ရင် ရုရှားအပေါ် အခွန်တွေ တိုးမြှင့်ပြီး နောက်ထပ် အရေးယူပိတ်ဆို့မှု အသစ်တွေ ပြုလုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သတိပေးလိုက်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်လူမှုမီဒီယာ Truth ပေါ်မှာ သမ္မတ ထရန့်က ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး သူ့ရဲ့…

ကျိုက်ထိုမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ကျိုက်ထို၊ ဇန်နဝါရီ ၂၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မလော့ချောင်ကျေးရွာနေ အသက် ၃၇ နှစ်အရွယ်ရှိ ကိုစိုးနိုင်ဦးကို ဆိုင်ကယ်နဲ့လာတဲ့ အမည်မသိ သေနတ်သမားတွေက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။…

တနင်္သာရီမှာ လက်နက်ကြီးကျလို့ ဒေသခံခုနှစ်ဦး ထိမှန်ဒဏ်ရာရ

တနင်္သာရီ၊ ဇန်နဝါရီ ၂၃ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ပဝကျေးရွာနဲ့ အရှေ့သာရဖုံကျေးရွာထဲ စစ်ကောင်စီတပ်လက်နက် ကြီး ပစ်ခတ်မှုကြောင့် ဒေသခံခုနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။ မနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ တနင်္သာရီအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၀၆ အမြောက်တပ်၊ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းတွေကနေ တိုက်ပွဲမရှိဘဲ…

နောင်ချိုမြို့ ဗုံးကြဲခံရလို့ အရပ်သားရှစ်ဦး ထပ်မံသေဆုံး

နောင်ချို၊ ဇန်နဝါရီ ၂၃ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင် စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားရှစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ တအာင်းပြည်တပ်မဟာ ၂ နယ်မြေရှိ နောင်ချို့မြို့နယ်ရဲစခန်းနဲ့ ပါရမီလက်ဖက်ရည်ဆိုင်အနီးကို ဇန်နဝါရီ ၂၂ ရက် နေ့လည် ၁၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးနှစ်လုံး…

ရာမညစစ်ကြောင်း ဖော်ဆောင်မယ့် စစ်ရေးအလာအလာ ဘယ်လိုရှိနိုင်မလဲ။

“မွန်ပြည်သူလူထုတွေလည်း စစ်ရေးကာလမှာ သတိရှိရှိနေကြဖို့ ကျွန်တော်တို့ တိုက်တွန်းချင်တယ်။ မွန်လက်နက်ကိုင်တပ်တွေက ပြည်သူတွေ ထိခိုက်မှုနည်းအောင် စစ်သည်ကျင့်ဝတ်တွေအရ စစ်ပွဲမှာမပါဝင်ကြတဲ့ ပြည်သူတွေ အထိအခိုက်နည်းအောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ” – ဒေါက်တာ သီရိမွန်ချမ်း အာဏာသိမ်းမှု လေးနှစ်ပြည့်ခါနီးချိန် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ မွန်လက်နက်ကိုင်တော်လှန်ရေး ၄ ဖွဲ့ဟာ စစ်အာဏာရှင်စနစ်ကိုအတူတကွ တိုက်ဖျက်ဖို့ ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းလိုက်ပါတယ်။…

စစ်အာဏာသိမ်း (၁၄၅၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၀၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၃ AAPP ရဲ့ ဇန်နဝါရီ၂၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၅၂) ရက်အတွင်း ပြည်သူ (၆၂၀၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၃၂၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၁၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

နယ်/လုံဝန်ကြီး ညွှန်ကြားချက်နဲ့ မော်လမြိုင်မှာ လူနေအိမ်တချို့ကို စစ်ကောင်စီဖျက်ဆီးနေ

မော်လမြိုင် ၊ ဇန်နဝါရီ ၂၃ မွန်ပြည်နယ် မော်လမြိုင်မြို့ မြို့ပေါ် ရပ်ကွက် တချို့မှာရှိတဲ့ လူနေအိမ်တွေကို ကျူးကျော်နေထိုင်တယ်လို့ဆိုပြီး စစ်ကောင်စီလက်အောက်ခံတွေက လိုက်လံဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီ လက်အောက်ခံတွေက မြို့ပေါ်ရပ်ကွက်တွေဖြစ်ကြတဲ့ လှိုင်ရပ်ကွက်နဲ့ သာ ယာအေးရပ်ကွက်အတွင်းက လူနေအိမ်တချို့ကို ကျူးကျော်နေထိုင်တယ်လို့ဆိုပြီး အင်အားအများအပြားအသုံးပြုကာ ဖျက်ဆီးမှုတွေ ပြုလုပ်နေတာပါ။ အခုလို လူနေအိမ်တွေကို လိုက်လံဖျက်ဆီးရတာဟာ…

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ယုံကြည်မှုတည် ဆောက်နိုင်ပြီလို့ NUG ယာယီသမ္မတပြော

မော်လမြိုင် ၊ ဇန်နဝါရီ ၂၃ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီလို့ ယာယီသမ္မတ ဒူ ဝါလရှီးလက ပြောပါတယ်။ ဒါပေမယ့် ပြည့်စုံလုံလောက်ပြီလို့ မပြောနိုင်သေးဘဲ မဟာမိတ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးဟာ ကြိုးစားပြီး ရပ်ပစ်လိုက်လို့ရတဲ့ သဘောမျိုးမဟုတ်ဘူးလို့ ဇန်နဝါရီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ NUG ရဲ့ အစိုးရအဖွဲ့…