January 2025

စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်း ရိက္ခာပြတ်လပ်

ကော့ကရိတ်၊ ဇန်နဝါရီ ၂ စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းဟာ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နေ့စဉ်နဲ့အမျှ ထိခိုက်သေဆုံးမှုတွေရှိနေပြီး ရိက္ခာတွေလည်း ပြတ်လပ်နေတယ်လို့ KNU တပ်မဟာ ၆ က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာလည်း KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက…

စစ်ရှုံးမှုကို တိုင်းရင်းသားခေါင်းဆောင်တွေအပေါ် စစ်ခေါင်း ဆောင်အပြစ်တင်

နေပြည်တော် ၊ ဇန်နဝါရီ ၂ တပ်စခန်းတွေနဲ့ စိုးမိုးနယ်မြေတွေ လျော့ကျလာချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကို အပြစ်တင်ပြီး ဟန်ကိုယ့်ဖို့ လုပ်နေရပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တချို့ဟာ ဖက်ဒရယ်အခွင့်အရေး တိုင်းရင်းသားအခွင့်အရေးလို့ ပြောနေပေမယ့် ဒီမိုကရေစီရဲ့ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်‌ထောင်စုပြိုကွဲအောင် ဦးတည်နေကြတာလို့ စစ်ခေါင်းဆောင်က စွပ်စွဲလာတာပါ။ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေအနေနဲ့ ခေါင်းစဉ်အမျိုးမျိုးပြပြီး…

လောင်းလုံးမှာ စားသောက်ကုန်နဲ့စက်သုံးဆီ သယ်ယူခွင့် စစ်ကောင်စီပိတ်ပင်

လောင်းလုံး၊ ဇန်နဝါရီ ၂ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီက စားသောက် ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ လေးရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် ထားဝယ်မြို့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်က ဒီဇင်ဘာ ၂၈ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ်ထဲကို စားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်လိုက်တာပါ။ လောင်းလုံးမြို့ ဒေသခံတစ်ဦးရဲ့…

မွန်နဲ့ကရင်အစပ်မှာ လေကြောင်းရန်ကြောင့် ဒေသခံ ၄၀၀၀ ကျော် တိမ်းရှောင်နေရ

ဘီးလင်း၊ ဇန်နဝါရီ ၂ မွန်ပြည်နယ် ဘီးလင်းမြို့နယ်နဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အစပ်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် ကင်းထောက်မှုတွေကြောင့် ဒေသခံ၄၀၀၀ ကျော် တိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ ကရင်နှစ်သစ်ကူးနေ့မှာ စစ်ကောင်စီဟာ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်အနောက်ရွာနဲ့ပျဉ်းမပင်ဆိပ်အနောက်ရွာအကြား ထို့ကော့နော်ဘောနေရာ၊ ထီးညဆားထနေ…

အိုင်ဗရီကို့စ်နိုင်ငံကနေ ပြင်သစ်တပ်တွေ ပြန်လည်ဆုတ်ခွာတော့မယ်

အဘိုင်ဂျန်၊ ဇန်နဝါရီ ၁ အိုင်ဗရီကို့စ်သမ္မတ အလက်ဆိန်း အော်တာရာက ဒီဇင်ဘာ ၃၁ ရက်က နှစ်သစ်ကူး မိန့်ခွန်း ပြောကြားရာမှာ မြို့တော် အဘိုင်ဂျန်မှာရှိတဲ့ စစ်အခြေစိုက်စခန်း ထိန်းချုပ်မှုကို ပြင်သစ်တပ်တွေက မိမိတို့ဆီ လွှဲပြောင်းပေးအပ်တော့မှာ ဖြစ်ပြီး နိုင်ငံသားတွေအနေနဲ့ ကိုယ့်နိုင်ငံ တပ်ဖွဲ့တွေအတွက် ဂုဏ်ယူသင့်ကြောင်း ပြောကြားလိုက်ပါတယ်။ ပြင်သစ်တပ်တွေက သူတို့ရဲ့ ကိုလိုနီနယ်ဟောင်း အိုင်ဗရီကို့စ်ကနေ ပြန်လည်…

တရုတ်နဲ့ ရုရှားတို့ အမြဲလက်ချင်းတွဲပြီး ရှေ့ဆက်မယ်လို့ ရှီကျင့်ဖျင် ပြော

ဘေဂျင်း၊ ဇန်နဝါရီ ၁ တရုတ်နဲ့ ရုရှားတို့ဟာ အမြဲတမ်း လက်ချင်းတွဲပြီး မှန်ကန်တဲ့ လမ်းကြောင်းမှာ ရှေ့ဆက်နေတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဒီဇင်ဘာ ၃၁ ရက်က ဖော်ပြပါတယ်။ နှစ်နိုင်ငံကြား အဓိကကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ခေတ်သစ် မဟာဗျူဟာမြောက် လက်တွဲရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် လများစွာအကြာမှာ အခုလို ပြောဆိုချက်…

တစ်နိုင်ငံလုံး လွတ်မြောက်ရေး ချဲ့ထွင်လုပ်ဆောင်မယ်လို့ NUG ယာယီသမ္မတပြော

မော်လမြိုင် ၊ ဇန်နဝါရီ ၁ လူမျိုးတစ်မျိုး လွတ်မြောက်ရေး သပ်သပ်မဟုတ်ဘဲ တစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ဖို့အထိ ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်လုပ်ဆောင်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ စစ်အာဏာရှင်စနစ်ဖြိုချရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံးမှာ တာဝန်ရှိတယ်လို့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာပါ။ ၂၀၂၅ ခုနှစ်မှာ စစ်အုပ်စုကို အပြီးသတ်ဖယ်ရှားနိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေးအင်အားစုတွေအနေနဲ့…