January 2025

ကော့သောင်းမှာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

ကော့သောင်း၊ ဇန်နဝါရီလ ၂၈ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဟတ်စဒင်ကျေးရွာနဲ့ ချန်ဖန်းကျေးရွာကြားမှာ ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းကပစ်ခတ်မှုအတွင်း ဟတ်စဒင်းကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် သေဆုံးသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီ ၂၇ ရက် မနက် ၁၁ နာရီခန့်မှာ ချန်ဖန်းကျေးရွာဘက်ကနေ ဟတ်စဒင်ကျေးရွာဘက်ကို ဈေးဝယ်ပြီး ဆိုင်ကယ်နဲ့ပြန်လာတဲ့ ပြည်သူ့စစ်ခေါင်းဆောင် အသက် ၅၅…

စစ်ရေးတင်းမာမှုကြောင့် ဘီးလင်းစစ်ရှောင် ၃၀၀၀ ကျော် နေရပ်မပြန်ရဲသေး

ဘီးလင်း၊ ဇန်နဝါရီလ ၂၈ မွန်ပြည်နယ် ဘီးလင်းမြို့နယ် မဲပလီကျေးရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံ ၃၀၀၀ ကျော် နေရပ်မပြန်နိုင်ကြသေးဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီ ၂၇ ရက်နေ့ထိ မဲပလီကျေးရွာအနီးတဝိုက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအဖွဲ့တွေ စစ်ဆိုင်ထားဆဲအခြေအနေမှာရှိပြီး တိုက်ပွဲတွေလည်း…

ဆိပ်ဖြူမှာ စစ်တပ်လက်နက်ကြီးကျလို့ အမွှာပူးကလေးငယ် နှစ်ဦးအပါအဝင် အရပ်သား ငါးဦး သေဆုံး

မကွေး ဇန်နဝါရီ ၂၇ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ ငါးနှစ်အရွယ် အမွှာပူး နှစ်ဦး အပါအဝင် ၅ ဦးသေဆုံးတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ ရွှေဘိုးကျွန်း ကပစ ၂၁ ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ကင်မွန်းထောင့်ရွာကို…

COVID-19 ရောဂါပိုးဟာ ဓာတ်ခွဲခန်းထဲက ပျံ့နှံ့လာတာ ဖြစ်နိုင်တယ်လို့ စီအိုင်အေ ပြော

နယူးယောက်၊ ဇန်နဝါရီ ၂၇ COVID-19 ကမ္ဘာ့ကပ်ရောဂါပိုးဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာတာထက် ဓာတ်ခွဲခန်းကတစ်ဆင့် ပျံ့နှံ့လာတာ ပိုဖြစ်နိုင်တယ်လို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ CIA က ဇန်နဝါရီ ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ အဲဒီ COVID-19 ရောဂါပိုးဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာတာလား ဒါမှမဟုတ် ဓာတ်ခွဲခန်းကနေ မတော်တဆ ပျံ့နှံ့လာတာလားဆိုတာကို CIA က နှစ်အတော်ကြာတဲ့အထိ…

ယူကရိန်းအရေး ထရန့်နဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ပူတင် ပြော

မော်စကို၊ ဇန်နဝါရီ ၂၇ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအတွင်း သမ္မတ ပူတင်က အခုလိုမျိုး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ရုရှားအနေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ အမြဲလမ်းဖွင့်ထားပြီး အဆင်သင့် ပြင်ထားတယ်လို့ သမ္မတ…

သထုံအမြောက်တပ်က တပ်သား သုံးဦး KNU ထံ အလင်းဝင်

သထုံ၊ ဇန်နဝါရီ ၂၇ မွန်ပြည်နယ် သထုံမြို့နယ် ဈေးမသွယ်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၄၀၂ အမြောက်တပ်က တပ်သား သုံးဦးဟာ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်သား သုံးဦးဟာ ဇန်နဝါရီ ၂၅ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံ ဆက်သွယ် အလင်းဝင်လာတာ ဖြစ်ပါတယ်။ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သား…

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကို တားဆီးအရေးယူပေးဖို့ NUG တောင်းဆို

ကျောက်မဲ၊ ဇန်နဝါရီ ၂၇ မြန်မာနိုင်ငံက ကျန်းမာရေးကဏ္ဍနဲ့ အပြစ်မဲ့ ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ လျစ်လျူရှုမထားဘဲ ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ တားဆီးအရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲပြည်သူ့ဆေးရုံနဲ့ ကရင်ပြည်နယ် ဖားအံမြို့နယ် ဟတလက်ကျေးရွာအုပ်စု…

စစ်မှုထမ်းဖို့ လူငယ်တွေကို နိုင်ငံတွင်းချုပ်နှောင်ထားမယ့် နည်းဥပဒေ စစ်ကောင်စီပြဌာန်း

နေပြည်တော် ၊ ဇန်နဝါရီ ၂၆ နိုင်ငံအနှံ့ ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေမှာ အင်အားဖြည့်တင်းဖို့ အသက်ပြည့်ပြီးသူ လူငယ်တွေကို နိုင်ငံခြားထွက်ခွင့်ပိတ်ပြီး စစ်ထဲသွတ်သွင်းမယ့် စစ်မှုထမ်းနည်းဥပဒေကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ စစ်ကောင်စီ ပြဌာန်းလိုက်ပါတယ်။ အာဏာရှင်ဟောင်း ဦးသန်း‌ရွှေလက်ထက်မှာ ရေးဆွဲထားတဲ့ စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသက်ဝင်စေခဲ့ပြီး တစ်နှစ်လောက်အကြာမှာ နည်းဥပဒေကို အတည်ပြုလာတာပါ။ နည်းဥပဒေအရ…

ရေဖြူမှာ PDF စခန်းတစ်ခုစီးနင်းခံရ၊ ရဲဘော်သုံးဦးပျောက်ဆုံးနေ

ရေဖြူ၊ ဇန်နဝါရီ ၂၆ တနင်္သာရီတိုင်း ရေဖြူမြို့နယ် မူးဒူးကျေးရွာအရှေ့တောင်ဘက်ရှိ PDF စခန်းတစ်ခု စီးနင်းခံရပြီး ရဲဘော်သုံးဦး ပျောက်ဆုံးနေတယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ စီးနင်းခံလိုက်ရတဲ့ စခန်းဟာ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ A Zero ရဲ့ စခန်းဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စီးနင်းခံလိုက်ရတာပါ။…

ရှေ့တန်းရောက် စစ်သားတွေကို မွန်ပြည်နယ် စစ်ကောင်စီနဲ့ ဌာနဆိုင်ရာတွေ ရိက္ခာလှူဒါန်း

မော်လမြိုင်၊ ဇန်နဝါရီ ၂၆ စစ်ကောင်စီရဲ့ ရှေ့တန်းရောက် စစ်သားတွေကို မွန်ပြည်နယ် စစ်ကောင်စီနဲ့ ဌာနအသီးသီးက ဝန် ထမ်းတွေစုပေါင်းပြီး စားနပ်ရိက္ခာတွေ လှူဒါန်းပေးအပ်ခဲ့တယ်လို့ ဇန်နဝါရီ ၂၅ ရက်နေ့ထုတ် ဝါဒ ဖြန့် သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့ ပြည်နယ်စစ်ကောင်စီအဖွဲ့နဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ ရှေ့တန်းရောက်…