January 2025

အကျင့်ပျက် ခြစားမှုကို အင်အားကုန် သုံးပြီး တိုက်ဖျက်သွားမယ်လို့ တရုတ်သမ္မတ ကြွေးကြော်

ဘေဂျင်း၊ ဇန်နဝါရီ ၇ တရုတ်နိုင်ငံရဲ့ ထိပ်တန်း စည်းကမ်းထိန်းသိမ်းရေး အေဂျင်စီ နှစ်ပတ်လည် အစီအစဉ် ရေးဆွဲရေး အစည်းအဝေးအတွက် မြို့တော်ဘေဂျင်းမှာ ထိပ်တန်းခေါင်းဆောင်တွေ စုဝေးမှုအတွင်း သမ္မတ ရှီကျင့်ဖျင်က အကျင့်ပျက် ခြစားမှုကို အင်အားကုန် ထုတ်သုံးပြီး တိုက်ဖျက်သွားမယ်လို့ ဇန်နဝါရီ ၆ ရက်က ကြွေးကြော်လိုက်ပါတယ်။ မိမိတို့ အနေနဲ့ အကျင့်ပျက် ခြစားမှုကို နည်းလမ်းပေါင်းစုံ…

ထားဝယ်မဲချောင်းတိုက်ပွဲမှာ PDF ရဲဘော်သုံးဦးကျဆုံး

ထားဝယ်၊ ဇန်နဝါရီ ၇ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသ မဲချောင်းကျေးရွာတိုက်ပွဲမှာ PDF ရဲဘော်သုံးဦး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးစစ်ကြောင်းဖြစ်တဲ့ ဒူရကစစ်ကြောင်းက ဇန်နဝါရီ ၇ ရက်နေ့မှာ သ တင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ နေ့လယ် ၂ နာရီခန့်မှာ အင်အား ၄၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ မဲချောင်းကျေးရွာ…

တစ်နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၅၀၀ ကျော် CDM ဝင်

မော်လမြိုင်၊ ဇန်နဝါရီ ၇ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၅၀၇ ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တစ်လအတွင်းမှာလည်း ဒုရဲအုပ်တစ်ဦး အပါအဝင် စစ်ကောင်စီတပ်သားနဲ့ ရဲ ၂၈…

ပုလောမြို့‌ပေါ် စရဖရုံးကို PDF ဝင်စီး

ပုလော၊ ဇန်နဝါရီ ၇ တနင်္သာရီတိုင်း ပုလောမြို့ အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။ စရဖရုံးနဲ့ကပ်လျှက်ရှိတဲ့ မြို့တော်ခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ…

စစ်အာဏာသိမ်း (၁၄၃၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၁၂၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၇ AAPP ရဲ့ ဇန်နဝါရီ၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၃၆) ရက်အတွင်း ပြည်သူ (၆၁၂၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၁၃၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၆၈၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ခြေဥရေးဆွဲရေးမှာပါဝင်ခဲ့တဲ့ မွန်ပြည်နယ်က လူပုဂ္ဂိုလ် ၁၇ ဦးကို စစ်ခေါင်းဆောင် လူမှုထူးချွန်ဆု ပေးအပ်

မော်လမြိုင် ၊ ဇန်နဝါရီ ၇ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဆိုပြီး နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ခေါင်း ဆောင်က ဥပဒေရေးဆွဲရေးမှာ ပါဝင်ခဲ့တဲ့ မွန်ပြည်နယ်က လူပုဂ္ဂိုလ် ၁၇ ဦးကို လူမှုထူးချွန်တံဆပ် (ပထမအဆင့်) ပေးအပ်ခဲ့တယ်လို့ ဇန်နဝါရီ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အခြေခံဥပဒေရေးဆွဲရာမှာ အခြေခံမူတွေချမှတ်နိုင်ရေး အမျိုးသားညီလာခံမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လူပုဂ္ဂိုလ်…

ရေဖြူမှာ လက်နက်ကြီးကျလို့ ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးဒဏ်ရာရ

ရေဖြူ၊ ဇန်နဝါရီ ၇ တနင်္သာရီတိုင်း ရေဖြူမြို့နယ် အင်းပြားကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ဇန်နဝါရီ ၅ ရက်နေ့ ည ၆ နာရီအချိန်လောက်ကစပြီး ရေဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အ မှတ် ၄၀၈ ခြေမြန်တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်မှုတွေ အဆက်မပြတ် လုပ်ဆောင်ခဲ့တာပါ။ အဲဒီထဲကစစ်ကောင်စီတပ်…

စစ်ကောင်စီလွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသား နှစ်ရာခိုင်နှုန်းသာပါဝင်

မော်လမြိုင်၊ ဇန်နဝါရီ ၇ လွတ်ငြိမ်းခွင့်ရသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ နီးပါး ပါဝင်တယ်လို့ စစ်ကောင်စီပြောဆိုပေမယ့် မြေပြင်မှာတော့ ၃၀၀ ကျော်လောက်သာ လွတ်မြောက်လာခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဇန်နဝါရီ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပြုသူတွေထဲမှာ နိုင်ငံရေးပုဒ်မဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေ…

ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တို့မှာ စစ်ကောင်စီတပ်ခံစစ်ပြင်

ကော့ကရိတ်၊ ဇန်နဝါရီ ၇ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဒေါနတောင်တန်းပေါ်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြားနှစ်ဖက်စစ်ရေးပြင်းထန်နေချိန် ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တို့မှာ စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ ဒေါနတောင်တန်းပေါ်က အာရှလမ်းမကြီးနဲ့ ကော့ကရိတ်မြောက်ဘက် ဒေါနတောင်လမ်းဟောင်းအနီး ရန်ကုတ်ကျေးရွာမှာ ရောက်ရှိနေကြတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းတို့နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့အကြား ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ အခုနှစ် ဇန်နဝါရီလအစောပိုင်းရက်တွေမှာ…

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တောင်ကိုရီးယားသို့ ရောက်နေချိန် မြောက်ကိုရီးယားက ပဲ့ထိန်း ဒုံးကျည် ပစ်ခတ်

ဆိုးလ်၊ ဇန်နဝါရီ ၆ မြောက်ကိုရီးယားက သူတို့ရဲ့ အရှေ့ဖက် ကမ်းလွန်ပင်လယ်ထဲသို့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းမှာ ပဲ့ထိန်း ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပြီး ဒီလက်နက် စမ်းသပ်မှုဟာ တောင်ကိုရီးယားမှာ နိုင်ငံရေး ဗရုန်းသုန်းကား ဖြစ်နေချိန်နဲ့အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ ဆိုးလ်မြို့ ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အဲဒီ လက်နက် စမ်းသပ်မှုကို…