ရေးမြို့နယ် ကျုံလောင်းဒေသမှာ တိုက်ပွဲပြင်းထန်နေ
ရေး၊ ဇန်နဝါရီ ၁၁ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းဒေသထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း နေအိမ်တွေ ပျက်စီးတာတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားမှုအားကောင်းတဲ့ ကျုံလောင်းကျေးရွာထဲ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးဝင်ရောက်လာတာပါ။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက်…