January 2025

ရေးမြို့နယ် ကျုံလောင်းဒေသကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

ရေး၊ ဇန်နဝါရီ ၁၂ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းဒေသမှာ စစ်ကောင်စီဘက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး ပေါင် ၅၀၀ ဗုံးတွေလည်း လာရောက်ကြဲချနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံ သိရပါတယ်။ အင်အား ရာနဲ့ချီ ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး ကျုံလောင်းဒေသထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။ တိုက်ပွဲအတွင်း…

နှုတ်ပိတ်ခ ပေးတဲ့အမှုအတွက် ထရန့်ကို ခြွင်းချက်မရှိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေး

နယူးယောက်၊ ဇန်နဝါရီ ၁၁ အပြာရုပ်ရှင် အမျိုးသမီးသရုပ်ဆောင် တစ်ဦးကို နှုတ်ပိတ်ခငွေ ပေးခဲ့တဲ့ အမှုအတွက် အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ် ထရန့်အနေနဲ့ ထောင်ဒဏ် ဒါမှမဟုတ် တခြား ပြစ်ဒဏ်ပေးမှု တစ်စုံတစ်ရာ ချမှတ်ခံရမှာ မဟုတ်ဘူးလို့ တရားသူကြီး တစ်ဦးက ဇန်နဝါရီ ၁၀ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ တရားသူကြီး ဟွန် မားချန့်က…

ရုရှား ရေနံလုပ်ငန်းကို အမေရိကန်နဲ့ ဗြိတိန် ပြင်းထန်တဲ့ အရေးယူမှု ချမှတ်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၁ ယူကရိန်းကို တိုက်ခိုက်နေတဲ့ စစ်ပွဲအား လောင်စာ ထည့်ပေးသလို ဖြစ်နေတဲ့ မော်စကိုရဲ့ စွမ်းအင်ဝင်ငွေကို ပစ်မှတ်ထားတဲ့ လုပ်ရပ်အဖြစ် အမေရိကန်အစိုးရက ရုရှားအပေါ် အပြင်းထန်ဆုံး အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပါတယ်။ အဲဒီ အရေးယူမှုတွေထဲမှာ ကုန်သည်တွေနဲ့ အရာရှိတွေကနေ အာမခံ လုပ်ငန်းတွေအထိ အပါအဝင် လူပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းပေါင်း ၂၀၀ ကျော်အပြင်…

ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရလို့ နေအိမ် ၄၀၀ နီးပါး မီးလောင်ပြာကျ

ရမ်းဗြဲ၊ ဇန်နဝါရီ ၁၁ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၄၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၂၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ…

တော်လှန်ရေးအောင်ပွဲရယူဖို့ အချိန်ခါကောင်းဖြစ်တယ်လို့ TNLA ပြော

နမ့်ခမ်း၊ ဇန်နဝါရီ ၁၁ တော်လှန်ရေးအင်အားစုတွေ အားလုံးစုပေါင်းရုန်းကန်ပြီး တော်လှန်အရေးအရှိန် အမြင့်ဆုံးလွှင့် တင်ကာ တော်လှန်ရေးအောင်ပွဲရယူဖို့ အချိန်ခါကောင်းဖြစ်တယ်လို့ ပလောင်ပြည် လွတ်မြောက် ရေးတပ်ဦး PSLF/TNLA က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို တအာင်းပြည်နယ်ရှိ PSLF ယာယီဌာနချုပ်မှာ ဇန်နဝါရီ ၃ ရက်နေ့ကနေ ၇…

ဘီးလင်းစခန်းတစ်ခုက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး လက်နက်ချအလင်းဝင်

ဘီးလင်း၊ ဇန်နဝါရီ ၁၁ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်း – ဖာပွန်လမ်းပိုင်းရှိ လဂွန်းပျိုစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး လက်နက်ချ အလင်းဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲက ဇန်နဝါရီ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဘီးလင်း – ဖာပွန်လမ်းပိုင်းရှိ လဂွန်းပျိုစခန်းဟာ ဖာပွန်မြို့ရှိ…

စစ်အာဏာသိမ်း (၁၄၄၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၁၃၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၁ AAPP ရဲ့ ဇန်နဝါရီ၁၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၄၀) ရက်အတွင်း ပြည်သူ (၆၁၃၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၁၈၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၀၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက်လာ

မော်လမြိုင် ၊ ဇန်နဝါရီ ၁၁ မီးလင်းအခေါက်ရွှေ တစ်ကျပ်သား ကျပ် သိန်း ၆၀ ဝန်းကျင်နဲ့ ဈေးငြိမ်နေတဲ့ ပြည်တွင်းရွှေဈေးဟာ အခုနှစ်အစမှာပဲ ဈေးနှုန်းပြန်လည်မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီပထမအပတ်က တစ်ကျပ်သား ကျပ် ၆၁ သိန်းသာရှိတဲ့ ပြည်တွင်းရွှေဈေးဟာ ဇန်နဝါရီ ၁၀ ရက်နေ့မှာတော့ ကျပ် ၆၄ သိန်းဝန်းကျင်အထိ ဈေးနှုန်းခုန်တက်လာတာပါ။…

လှဂွန်းပျိုတပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ဖာပွန်၊ ဇန်နဝါရီ ၁၁ ကရင်ပြည်နယ် ဖာပွန်ခရိုင် လှဂွန်းပျိုကျေးရွာထဲမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အ မျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ KNU တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျိုစခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA…

နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၈၀ ကျော် အင်တာနက်ဖြတ်တောက်ခံရ

မော်လမြိုင် ၊ ဇန်နဝါရီ ၁၁ ၂၀၂၄ တစ်နှစ်တာအတွင်း နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၈၂ မြို့နယ်မှာ အင်အာနက်ဖြတ်တောက်မှုအကြိမ်ပေါင်း ၁၃၀ ကျော် ကြုံတွေ့ခဲ့ရတယ်လို့ မြန်မာအင်တာနက်ပရောဂျက် MIP က ဇန်နဝါရီ ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ အင်အာနက်ဖြတ်တောက်ခံရတဲ့ ဒေသတွေထဲမှာ ကချင်နဲ့ ရခိုင်က တစ်နှစ်အတွင်း ပြည်နယ်တစ်ခုလုံးမှာ အင်တာနက်ဖြတ်တောက်ခံခဲ့ရပြီး ကျန်တဲ့…