January 2025

ပွင့်ဖြူမြို့နယ်မှာ ပျူစောထီးတွေက ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေကို ဖမ်းဆီးနေ

မကွေး ဇန်နဝါရီ ၁၅ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ပျူစောထီးတွေက ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေကို အဓမ္မ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရခိုင်မှတ်ပုံတင် ၁၁/ ကိုင်ဆောင်သူ လူငယ်တစ်ဦးကို ဇန်နဝါရီလ ဒုတိယပတ်အတွင်းမှာတင် ပွင့်ဖြူ-ရှောက်တော တံတားမှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ “အဲဒီကလေးက ရခိုင်မှတ်ပုံတင်ကိုင်လို့တဲ့ ကောင်လေးကိုင်တဲ့ဖုန်းကအစသိမ်းတာ။ အဲဒီတံတားမှာက ပျူစောထီးတွေပဲရှိတာ။ ထိုးကြိတ်ပြီးတော့ ဖမ်းသွားတယ်။…

စစ်အာဏာသိမ်း (၁၄၄၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၁၇၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၅ AAPP ရဲ့ ဇန်နဝါရီ၁၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၄၄) ရက်အတွင်း ပြည်သူ (၆၁၇၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၂၁၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၁၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

တော်လှန်ရေးတိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်မလား

မော်လမြိုင် ၊ ဇန်နဝါရီ ၁၅ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းသွားမယ့် တအာင်းတပ် TNLA ရဲ့ ကြေညာချက်အပေါ် ညီနောင်မဟာမိတ်တွေနဲ့ အခြားတော်လှန်ရေးအင်အားစုတွေကလည်း ဟန်ချက်ညီညီတိုက်ထုတ်ဖို့ အသင့် ရှိတယ်လို့ အသိပေးကြေညာခဲ့ကြပါတယ်။ တအာင်းပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်ဖို့ မြန်မာနိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ ဇန်နဝါရီ ၁၂ ရက်နေ့က ကျရောက်တဲ့…

မော်လမြိုင်မှာ ဆောင်းရာသီတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေ

မော်လမြိုင် ၊ ဇန်နဝါရီ ၁၅ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဇန်နဝါရီဒုတိယပတ်လောက်ကစပြီး ရာသီအကူးအပြောင်းမှာ ဖြစ်တက်တဲ့ ဆောင်းရာသီတုပ်ကွေးရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များလာတယ်လို့ ဆရာ ဝန်တွေက ပြောပါတယ်။ ဆောင်းရာသီတုပ်ကွေးရောဂါဟာ ကိုဗစ်ရောဂါပုံစံ အသက်ရှုလမ်းကြောင်းကတစ်ဆင့် ကူးစက်တာဖြစ်ပြီး ဝမ်းပျက်ဝမ်းလျောရောဂါက ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနဲ့ကပ်ပါးပိုးတွေ အစာ အိမ်နဲ့ အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကြောင့် ဖြစ်ပွားတာပါ။ လတ်တလော အဖြစ်များနေတဲ့ ဆောင်းရာသီ…

ကော့သောင်းမှာ ရပ်ကွက်အလိုက် စစ်မှုထမ်းမပေးရင် ပေါ်တာဆွဲမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

ကော့သောင်း၊ ဇန်နဝါရီ ၁၅ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ရပ်ကွက်အလိုက် စစ်မှုထမ်းပေးဖို့နဲ့ ပျက်ကွက်ပါက ပေါ်တာဝင်ဆွဲမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောလာပါတယ်။ ကော့သောင်းမြို့နယ်ရှိ ရပ်ကွက်ကျေးရွာတွေမှာ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် တစ်ရပ်ကွက်လျှင် အမျိုးသားနှစ်ဦးကနေ ငါးဦးအထိ စစ်မှုထမ်းပေးဖို့ ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ညွှန်ကြားလာတာပါ။ အဲဒီထဲမှာ ကော့သောင်းမြို့နယ် ဆယ်မိုင်ကျေးရွာအုပ်စုမှာတော့ စစ်မှုထမ်းအတွက် အမျိုးသား…

ကရင်ဝန်ကြီးချုပ်နဲ့ စကားများရန်ဖြစ်မှုကြောင့် ဒုတိုင်းမှူးရှေ့တန်းအပို့ခံရ

ဘားအံ၊ ဇန်နဝါရီ ၁၅ စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးစောမြင့်ဦးနဲ့ စကားများရန်ဖြစ်ပြီးတဲ့နောက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်ကို ရှေ့တန်းစစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့က စကခ ၁၂ ဌာနချုပ်သို့ ပြောင်းရွှေ့ခံလိုက်ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကနေ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက ဘားအံမြို့ ဂေါက်ကွင်းထဲမှာ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦးနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်ဇော်မင်းအောင်တို့…

ပွင့်ဖြူမြို့နယ်မှာ လူငယ် ၂၀ ခန့် ပေါ်တာဆွဲခံရ

မကွေး ဇန်နဝါရီ ၁၄ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ တစ်ရက်တည်း လူငယ် ၂၀ ဝန်းကျင် ပေါ်တာဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ ဇန်နဝါရီ ၁၄ ရက် တစ်ရက်တည်း ဘိုကုန်းရွာနဲ့ ထန်းတောစုရွာက လူဦးရေ ၂၀ ဝန်းကျင်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားတာပါ။ “ဆိုင်ကယ်တွေရော၊ လူတွေကောဆွဲသွားတာ။ သင်တန်းပို့ဖို့ဆိုခြောက်ရက်လောက်တော့ အချိန်ရသေးတယ်။ ဒီကြားထဲ…

နိုင်ကျဉ်းတွေရဲ့ လွတ်ငြိမ်းသက်သာခွင့်အခြေအနေ ဘာထူးလဲ။

“တော်လှန်ရေးအောင်ပွဲတွေက စစ်ကောင်စီအတွက်ရော အကျဉ်းဉီးစီးဌာနအတွက်ရော များစွာ ခြိမ်းခြောက်မှုတွေ ဖြစ်စေတယ်။ ဒါဟာ အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက် တော်လှန်ရေးကို ပိုပြီးအာရုံစိုက်ပြီးမှ စုစည်းညီညွတ်စွာ လုပ်ဆောင်ပေးကြဖို့ ကျွန်တော်တို့အဖွဲ့က တိုက်တွန်းချင်ပါတယ်” – ကိုသိုက်ထွန်းဦး (PPNM) ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ကြောင့် အကျဉ်းထောင်အသီးအသီးကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်က ၃၄၄…

စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ အမှု စတင်စစ်ဆေး

ဆိုးလ်၊ ဇန်နဝါရီ ၁၄ မအောင်မြင်ဖြစ်ခဲ့ရတဲ့ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာရေး ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ကို တာဝန်ကနေ ရပ်ဆိုင်း၊ မဆိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆုံးဖြတ်ဖို့ စီစဉ်နေချိန် သူ့အပေါ် စွပ်စွဲ ပြစ်တင်ထားတဲ့ အမှုကို ဇန်နဝါရီ ၁၄ ရက်မှာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ကြားနာ စစ်ဆေးမှု ၅ ခုထဲက…

ကြွယ်ဝချမ်းသာမှု ဖုံးကွယ်မှု စွပ်စွဲချက် ထိုင်းဝန်ကြီးချုပ် ပယ်ချ

ဘန်ကောက်၊ ဇန်နဝါရီ ၁၄ ပိုင်ဆိုင်မှုနဲ့ ပေးဖို့ရှိတဲ့ အကြွေးပမာဏ ကြေညာရာမှာ ပုဂ္ဂိုလ်ရေး ချမ်းသာကြွယ်ဝမှုတွေကို ဖုံးကွယ်ထားဖို့ အကြွေး ဘတ် ၄ ဘီလီယံကို ထည့်သွင်း ဖော်ပြထားတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာဟာက ပယ်ချလိုက်ပါတယ်။ မိသားစု ချေးငွေအဖြစ် ကြေညာထားတယ်ဆိုတဲ့ အဲဒီကြွေးမြီနဲ့ ပတ်သက်တဲ့ မေးမြန်းမှုတွေကို တုံ့ပြန်ရာမှာ ဝန်ကြီးချုပ်က အခုလိုမျိုးငြင်းဆိုခဲ့တာ…