မွန်တော်လှန်ရေးတပ်တွေ စစ်ဆင်ရေးဆောင်ရွက်ဖို့ ပူးပေါင်းနိုင်ပြီ
မော်လမြိုင် ၊ ဇန်နဝါရီ ၂၁ အာဏာသိမ်းမှု လေးနှစ်ပြည့်ခါနီးမှာ မွန်လက်နက်ကိုင်တော်လှန်ရေး ၄ ဖွဲ့ဟာ စစ်အာဏာရှင်စနစ်ကို တစ်သံတစ်မိန့်တည်း အတူတကွတိုက်ဖျက်ဖို့ ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းလိုက်ပါတယ်။ ရာမညပူးတွဲစစ်ကြောင်းကိုတော့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA-AD၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ ပါဝင်ပါတယ်။ တစ်ခုတည်းသော…