January 2025

စစ်အာဏာသိမ်း (၁၄၅၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၁၉၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၂ AAPP ရဲ့ ဇန်နဝါရီ၂၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၅၁) ရက်အတွင်း ပြည်သူ (၆၁၉၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၃၀၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၁၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီ ဦးစားပေးလာနိုင်မလား

နေပြည်တော် ၊ ဇန်နဝါရီ ၂၂ အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးမှုတွေစတင်ဖို့ ဦးစားပေးသင့်တယ်လို့ တစ်နိုင်ငံလုံးမှာ လက် နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ဆိုင်ထားရတဲ့ စစ်ကောင်စီကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းလာပါတယ်။ ရွေးကောက်ပွဲဟာ ဦးစားပေးရမယ့်ကိစ္စမဟုတ်ဘဲ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ပြီး ဆွေးနွေးဖို့ ဆောင်ရွက်သင့်တယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ မလေးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၁၉ ရက်နေ့မှာ ပြောပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ…

စစ်ဘေးရှောင် ပြည်သူတွေကို စစ်ကောင်စီကူညီမယ်လို့ဝါဒဖြန့်

နေပြည်တော် ၊ ဇန်နဝါရီ ၂၂ နိုင်ငံတဝန်း စစ်အာဏာသိမ်းမှုကြောင့် တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်ပွားနေချိန် စစ်ကောင်စီက ယာ ယီနေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီမယ်လို့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဝါဒဖြန့် သတင်းစာတွေကနေ ထုတ်ပြန်လာပါတယ်။ အဲဒီဝါဒဖြန့် သတင်းစာတွေထဲမှာတော့ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ယာယီနေ ရပ်စွန်ခွာနေတဲ့ ပြည်သူတွေကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး…

ရေးမှာ ကုန်စည်သယ်ယူခွင့် စစ်ကောင်စီကန့်သတ်

ရေး၊ ဇန်နဝါရီလ ၂၂ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာကနေတစ်ဆင့် အတွင်းဘက်ကျေးရွာတွေဆီ ကုန်စည်သယ်ယူခွင့် စစ်ကောင်စီ ကန့်သတ်ပိတ်ထားလို့ ပြည်သူတွေ အငတ်ဘေးကြုံလာနိုင်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ လူသားချင်းစာနာမှုနဲ့ ကယ်ဆယ်ရေးဌာနမှူး မိသုတဇဝ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျုံလောင်းရွာဟောင်းအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဇန်နဝါရီ ၁၂ ရက်နေ့လောက်ကစပြီး ကျုံလောင်းရွာသစ်ကနေ အတွင်းဘက်ခြမ်း ကျေးရွာတွေဆီ စစ်ကောင်စီဘက်က ကုန်စည်သယ် ယူခွင့် ကန့်သတ်လိုက်တာလို့…

ရွှေရောင်ခေတ်ကို ရောက်လာစေရမယ်လို့ ၄၇ ဦးမြောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကတိပြု

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ ဒေါ်နယ်ထရန့်က သမိုင်းဝင် ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ရွှေရောင်ခေတ်ကိုရောက်လာစေရမယ်လို့ ကတိပြုလိုက်ပါတယ်။ ဒါပေမဲ့ အမေရိကန် အင်အား လျော့နေတယ်ဆိုတဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ သူ့ရဲ့ သဘောထား တင်းမာတဲ့ မူဝါဒတွေ ချပြခဲ့ပါတယ်။ ၄၇ ဦးမြောက် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက်…

ပါရီ ရာသီဥတု သဘောတူညီမှုကနေ အမေရိကန် ထပ်မံ နုတ်ထွက်

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ သမ္မတ ဒေါ်နယ်ထရန့်က ပါရီ ရာသီဥတု သဘောတူညီမှုကနေ အမေရိကန်ကို ဇန်နဝါရီ ၂၀ ရက်မှာ ထပ်မံ နုတ်ထွက်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒါက ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုကနေ သမိုင်းဝင် ကာဗွန်ဒိုင်အောက်ဆိုက် အများဆုံး ထုတ်လွှတ်နေတဲ့ အမေရိကန်ကို ဆယ်စုနှစ်တစ်ခုအတွင်း ဒုတိယမြောက် နုတ်ထွက် စေလိုက်တာ…

ထားဝယ်မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီ ဧည့်စာရင်းဝင်စစ်ပြီး လူငယ်တွေကို ဖမ်းဆီးနေ

ထားဝယ်၊ ဇန်နဝါရီ ၂၁ တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်တွေမှာ စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြ စစ် ဆေးတာတွေ ခပ်စိပ်စိပ်ပြုလုပ်လာပြီး လူငယ်အမျိုးသားတွေကို ဖမ်းဆီးတာတွေရှိ‌နေတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထားဝယ်မြို့ပေါ်ရှိ အိမ်ရှေ့ပြင်၊ ကြက်စာပြင်နဲ့ မြို့သစ်ရပ်ကွက်အပါအဝင် ရပ်ကွက်တော်တော်များများမှာ ဇန်နဝါရီဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်က ညဖက်တွေမှာ ဧည့်စာရင်းဝင်စစ်ကာ လူငယ်အမျိုးသားတွေကို ဖမ်းဆီးနေတာပါ။ ဒေသခံတွေရဲ့ပြောကြားချက်အရ အခုရက်ပိုင်း…

သထုံခရိုင်မှာ စစ်တပ်ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ဒေသခံ ၁ ဦးဒဏ်ရာရပြီး နေအိမ်တွေပျက်စီး

မော်လမြိုင်၊ ဇန်နဝါရီလ ၂၁ မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းက ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်တွေမှာ စစ်တပ်က ဒရုန်း၊ လက် နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဒေသခံ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီးခဲ့တယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီကျော်ခန့်မှာ အမတ ၃၁၀…

ရခိုင်ရိုးမတလျှောက် စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား

အမ်း၊ ဇန်နဝါရီ ၂၁ ရခိုင်ပြည်နယ် ရခိုင်ရိုးမတောင်တန်းနဲ့ ထိစပ်နေတဲ့ နယ်နမိတ်တစ်လျှောက်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ AA က ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ်နဲ့ ရခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမ်းမြို့နယ် အမ်း-ပဒါန်းကာလမ်းမအနီးမှာလည်း…

စစ်အာဏာသိမ်း (၁၄၅၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၁၉၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၁ AAPP ရဲ့ ဇန်နဝါရီ၂၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၅၀) ရက်အတွင်း ပြည်သူ (၆၁၉၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၂၈၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၁၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…