ကျောက်မဲ၊ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ် သားတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
မနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်မှာ ကျောက်မဲမြို့ရှိ ညဈေးတန်းနဲ့ ခရိုင်ရုံးပေါ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတာပါ။
စစ်ကောင်စီရဲ့ ဗုံးကြဲမှုအတွင်း နေအိမ် ၅ လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က သက် သေခံဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
အလားတူ ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း ကျောက်မဲပြည်သူ့ဆေးရုံကို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက် ခိုက်မှုကြောင့် CDM သူနာပြုဆရာမနှစ်ဦးနဲ့ လူနာတစ်ဦးသေဆုံးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းနဲ့ လူနာ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ကျောက်မဲမြို့ ဗုံးကြဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ကျောက်မဲပြည်သူ့ဆေးရုံအပေါ် ဗုံးကြဲတိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA