လောင်းလုံး၊ ဇန်နဝါရီ ၂၉

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာလေးရွာကဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ တော် လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ကစပြီး ရေဖြူမြို့နယ် ရေနက်ဆိပ်ကမ်းဧရိယာကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီကနေတဆင့် လောင်းလုံးမြို့နယ်ထဲကို ဇန်နဝါရီ ၂၄ ရက်နေ့ကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရေနက်ဆိပ်ကမ်းဧရိယာ နဘုလယ်ဒေ သထဲကို စစ်ကြောင်းထိုးပြီးနောက် လောင်းလုံးမြို့နယ်ထဲက ကျေးရွာတွေကို တောလမ်းအတိုင်း ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးလာကြောင့် စခန်းကြီး၊ မြို့ဟောင်း၊ ဘူချိုင်နဲ့မယ်အိုအနောက် ကျေးရွာတွေက ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်တာကြောင့် ဘေးလွတ်ရာ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၂၄ ရက်နေ့က မူးဒူးရှေ့ကျေးရွာရှိ ဒေသအခြေစိုက်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ စခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော်သုံးဦး ကျဆုံးခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မူးဒူးကျေးရွာက နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မွှေနှောက်ဖျက်ဆီးခဲ့သလို အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကိုလည်း စစ်ကြောင်းနဲ့အတူ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း တနင်္သာရီတိုင်းရှိ ထားဝယ်ခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေကြောင့် ဒေသခံပြည်သူ ၂၅၉၀၀ ဦးကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသတွင်းသုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီ ရင်ခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.