မော်လမြိုင် ၊ ဇန်နဝါရီ ၂၉

မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီ ကျင်းပမယ့် ၂၀၂၅ အ ထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းစတင်ပြုဖို့ မွန်ပြည်နယ် စစ်ကောင်စီဘက်က ပြင်ဆင်မှု လုပ်ဆောင်လာပါတယ်။

ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ မွန်ပြည်နယ် စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၂၇ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုး ရရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

အဲဒီတွေ့ဆုံပွဲမှာ ရွေးကောက်ပွဲမဲစာရင်း ပြည်စုံမှန်ကန်ရေးအတွက် ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အ ဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကော်မတီက ပေးပို့လာတဲ့ လူဦးရေစာရင်းနဲ့ လဝက လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးဖို့နဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါပေမယ့် မဲစာရင်းပြုစုမှုနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်အသေးစိတ်နဲ့ အချိန်ကာလကိုတော့ စစ်ကောင် စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မင်းသံစဉ်ဦးကတော့ စစ်ကောင်စီဟာ ရွေး ကောက်ပွဲကနေ တရားဝင်မှုဖြစ်အောင် အသည်းအသန်ကြိုးပမ်းလာမှုအပေါ် ပြည်သူတစ်ရပ်လုံး လက်မခံကြောင်း ပြသဖို့လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီရွေးကောက်ပွဲ အသည်းအသန် လုပ်တယ်ဆိုတာက သဘောတရားက ဘာလဲဆိုတော့ တရားဝင်မှု တရားမျှတမှုဆိုတဲ့အနေထားကို အတင်းလုပ်ယူမှဖြစ်မယ်ဆိုပြီးတော့ လုပ်ထားတာလေ။ ကျွန် တော်တို့ ဘယ်လောက်ပဲ လက်မခံဘူးပြောပြောသူတို့လုပ်နေမှာပဲ။ အဲဒီလုပ်နေတာကိုလည်း လက် မခံတာကို လက်မခံကြောင်း ကျွန်တော်တို့ ပြသဖို့လိုတယ်။ ဒါကလည်း ကျွန်တော်တို့တစ်ဦးတစ် ယောက်တည်း ဆိုတာထက်ကို ပြည်သူအများ ပူးပေါင်းပါဝင်ဖို့လိုတယ်”လို့ ဆိုပါတယ်။

နိုင်ငံအနှံ့ တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ခေါင်းဆောင်ဟာ ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပသွားမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ တရားဝင်ထုတ်ဖော်ပြောဆိုထားတာပါ။

ရွေးကောက်ပွဲကို စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၁၆၁ မြို့နယ်မှာ အ ပိုင်းလိုက် ကျင်းပသွားဖို့ စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ထားတာပါ။

မွန်ပြည်ကာကွယ်ရေးတပ် MSDF ပြောခွင့်ရ ဒေါက်တာ သီရိမွန်ချမ်းက စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက် အကျိုးဖြစ်စေမှာမဟုတ်ဘဲ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့အတွက်သာ ဖြစ်တာကြောင့် ဝိုင်းဝန်းဆန့်ကျင်ကြဖို့ တိုက်တွန်းတာပါ။

“စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲက တစ်တိုင်းပြည်လုံးအတွက်ရော တိုင်းရင်းသားပြည်သူ များအတွက်ပါ အကျိုးဖြစ်စေမှာမဟုတ်ဘူးဆိုတာ ပြည်သူပြည်သားများအားလုံး ကောင်းကောင်း သိကြပါတယ်။ ဒီအတုအယောင်ရွေးကောက်ပွဲက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးအ တွက်သာ ဖြစ်တဲ့အတွက် စစ်အာဏာရှင် သက်ဆိုးရှည်စေမယ့် ဒီအတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ကြပါလို့ ပြည်သူတွေကို ပန်ကြားချင်ပါတယ်” လို့ ဆိုပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က မြို့သိမ်းတိုက်ပွဲတွေ မဖြစ်လာသေးတဲ့ မွန်ပြည်နယ်မှာ လက်ရှိအခြေအနေအတိုင်း ဆက်ဖြစ်နေရင် ရွေးကောက်ပွဲကို စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာနိုင်တယ်လို့ အခုနှစ်ဆန်းပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲကို မော်လမြိုင်၊ ချောင်းဆုံနဲ့ ပေါင်မြို့နယ်တို့မှာ ရာနှုန်းပြည့်ကျင်းပနိုင်ပြီး ကျန်တဲ့မြို့ နယ်တချို့မှာ လုံခြုံရေးတပ်ဖွဲ့အကူအညီနဲ့ဖြစ်စေ အီလက်ထရွန်းနစ်မဲပေးစနစ်နဲ့ဖြစ်စေ အတိုင်းအ တာတစ်ခုအထိ ကျင်းပနိုင်မယ်လို့ NRFF က သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.