မော်လမြိုင်၊ ဇန်နဝါရီ ၂၆

စစ်ကောင်စီရဲ့ ရှေ့တန်းရောက် စစ်သားတွေကို မွန်ပြည်နယ် စစ်ကောင်စီနဲ့ ဌာနအသီးသီးက ဝန် ထမ်းတွေစုပေါင်းပြီး စားနပ်ရိက္ခာတွေ လှူဒါန်းပေးအပ်ခဲ့တယ်လို့ ဇန်နဝါရီ ၂၅ ရက်နေ့ထုတ် ဝါဒ ဖြန့် သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့ ပြည်နယ်စစ်ကောင်စီအဖွဲ့နဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ ရှေ့တန်းရောက် စစ်သားတွေအ တွက် ကျပ်သိန်း ၃၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာပါ။

လှူဒါန်းလိုက်တဲ့ စားနပ်ရိက္ခာတွေကိုတော့ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ကိုကိုအောင်က လက်ခံရယူပြီး ရှေ့တန်းရောက် စစ်သားတွေထံ ပေးပို့သွားမယ်လို့ ဆိုပါတယ်။

လှူဒါန်းခဲ့တဲ့ စားနပ်ရိက္ခာတွေထဲမှာ ငါးခြောက်ကြော်၊ ဘလချောင်ကြော်၊ ငံပြာရည်ကြော်ဗူး၊ ငါး သေတ္တာဗူး၊ မားမားခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ တီးမစ်၊ ပဲနို့၊ ကြက်သွန်နီ၊ အမယ်စုံ၊ မုန့်မျိုးစုံနဲ့ အရေးပေါ်ဆေးဝါးတွေလည်း ပါဝင်ပါတယ်။

နိုင်ငံအနှံ့ တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ရှေ့တန်းရောက်စစ်သားတွေကို ဌာနဆိုင်ရာတွေနဲ့ ပြည်သူတွေက စားသောက်ဖွယ်ရာတွေ လှူဒါန်းနေတယ်ဆိုပြီး ဝါဒဖြန့်သတင်းစာတွေမှာ မကြာခဏဆိုသလို ဖော်ပြလေ့ရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MRTV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.