စစ်မှုထမ်းဖို့ လူငယ်တွေကို နိုင်ငံတွင်းချုပ်နှောင်ထားမယ့် နည်းဥပဒေ စစ်ကောင်စီပြဌာန်း
နေပြည်တော် ၊ ဇန်နဝါရီ ၂၆ နိုင်ငံအနှံ့ ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေမှာ အင်အားဖြည့်တင်းဖို့ အသက်ပြည့်ပြီးသူ လူငယ်တွေကို နိုင်ငံခြားထွက်ခွင့်ပိတ်ပြီး စစ်ထဲသွတ်သွင်းမယ့် စစ်မှုထမ်းနည်းဥပဒေကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ စစ်ကောင်စီ ပြဌာန်းလိုက်ပါတယ်။ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ ရေးဆွဲထားတဲ့ စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသက်ဝင်စေခဲ့ပြီး တစ်နှစ်လောက်အကြာမှာ နည်းဥပဒေကို အတည်ပြုလာတာပါ။ နည်းဥပဒေအရ…