သီပေါ၊ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မန်ကောင်းကျေးရွာမှာ အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ဇန်နဝါရီ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ အသက် ၃၄ နှစ်အရွယ် ဦးဆိုင်လီနော်ဆိုဟာ အရင်က စစ်ကောင်စီတပ်စွဲထားတဲ့ ခမရ ၅၀၄ တပ်စခန်းအနီးမှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဦးဆိုင်လီနော်ရဲ့ လက်နှစ်ဖက်ရှိ လက်ချောင်းတွေ ပြတ်တောက်ခဲ့ပြီး မျက်နှာနဲ့ ခန္ဓာကိုယ်မှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ကလည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာမှာ ဦးအိုက်ဆိုင်ဟာ ခြံဝင်းအ တွင်း မြက်ရှင်းနေချိန် မြေမြှုပ်မိုင်းနင်းမိပြီး ခြေတောက်တစ်ဖက် ပြတ်တောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ဆီးရီးယားကို ကျော်တက်ပြီး ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁၀၀၀ ကျော်အထိ ရှိလာခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.