ရေဖြူ၊ ဇန်နဝါရီ ၇

တနင်္သာရီတိုင်း ရေဖြူမြို့နယ် အင်းပြားကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဇန်နဝါရီ ၅ ရက်နေ့ ည ၆ နာရီအချိန်လောက်ကစပြီး ရေဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အ မှတ် ၄၀၈ ခြေမြန်တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်မှုတွေ အဆက်မပြတ် လုပ်ဆောင်ခဲ့တာပါ။

အဲဒီထဲကစစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ အင်းပြားကျေးရွာထဲ ကျ ရောက်ပေါက်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးကြောင့် အင်းပြားကျေးရွာနေ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၆၀ အရွယ် ဦးကြီးမြင့်တို့ဟာ လက်နဲ့ခြေထောက်တွေမှာ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီတပ်က ည ၁၁ နာရီအချိန်အထိ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းမှာသာ ဆေးရုံတင်ပို့နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း ရေဖြူမြို့နယ် ဇာဒီကျေးရွာမှာ စစ်တပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် မောင်နှစ်မနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.