မော်လမြိုင်၊ ဇန်နဝါရီ ၇
၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၅၀၇ ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ တစ်လအတွင်းမှာလည်း ဒုရဲအုပ်တစ်ဦး အပါအဝင် စစ်ကောင်စီတပ်သားနဲ့ ရဲ ၂၈ ဦးဟာ စစ်ကောင်စီကို စွန့်ခွာကာ CDM မှာ ပါဝင်လာခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာ နက ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ၁၁ လအတွင်း စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့နဲ့ အကျဉ်းဦးစီးဌာနမှ ဝန်းထမ်းစုစုပေါင်း ၄၇၉ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါ ဝင်ခဲ့ရာ အခုဒီဇင်ဘာလ စာရင်းတွေအရ တစ်နှစ်အတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲ ၅၀၇ ဦး အထိ ရှိလာတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းအမိန့်နဲ့ အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူတွေ အ ပါအဝင် ပြည်သူဘက်ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတွေအနေနဲ့ နီးစပ်ရာ PDF၊ ပကဖ တွေနဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေကို ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။
စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၅၀၀၀ ကျော်ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG