January 6, 2025

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တောင်ကိုရီးယားသို့ ရောက်နေချိန် မြောက်ကိုရီးယားက ပဲ့ထိန်း ဒုံးကျည် ပစ်ခတ်

ဆိုးလ်၊ ဇန်နဝါရီ ၆ မြောက်ကိုရီးယားက သူတို့ရဲ့ အရှေ့ဖက် ကမ်းလွန်ပင်လယ်ထဲသို့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းမှာ ပဲ့ထိန်း ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပြီး ဒီလက်နက် စမ်းသပ်မှုဟာ တောင်ကိုရီးယားမှာ နိုင်ငံရေး ဗရုန်းသုန်းကား ဖြစ်နေချိန်နဲ့အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ ဆိုးလ်မြို့ ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အဲဒီ လက်နက် စမ်းသပ်မှုကို…

ရေလုပ်သား လေးဦးကို စစ်ကောင်စီ ပြန်မလွှတ်ပေးသေးဘူးလို့ ထိုင်း ကာကွယ်ရေးဝန်ကြီး ပြော

ဘန်ကောက်၊ ဇန်နဝါရီ ၆ ရေလုပ်သား လေးဦး ပြန်လည်လွတ်မြောက်ရေး ဆောင်ရွက်နေဆဲဖြစ်တာကြောင့် စောစောပိုင်းက မျှော်လင့်ထားခဲ့သလို ဇန်နဝါရီ ၄ ရက်မှာ ပြန်လည် မလွတ်မြောက်ခဲ့ဘူးလို့ ထိုင်း ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်က ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံသား လေးဦး ပြန်လည် လွတ်မြောက်ရေး ဆောင်ရွက်နေဆဲ ဖြစ်ကြောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီဌာနက နောက်ဆက်တွဲ ဆောင်ရွက်စရာတွေကို ဆောင်ရွက်နေကြောင်း ဝန်ကြီး…

ကျောက်နီမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နဲ့ချီ သေဆုံး

လောင်းလုံး၊ ဇန်နဝါရီ ၆ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သလို တပ်ရင်မှူးအပါအဝင် ပျူစောထီးနဲ့ စစ်ကောင်စီတပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုထံက သိရပါတယ်။ ကျောက်နီမော်ကျေးရွာမှာရှိတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပူးပေါင်းတပ်စွဲထားတဲ့ စခန်းသုံးခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃…

တနင်္သာရီမှာ စစ်ကောင်စီရိက္ခာ ဆန်အိတ် ၃၀၀၀ နီးပါးကို KNLA သိမ်းဆည်းရမိ

တနင်္သာရီ၊ ဇန်နဝါရီ ၆ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ရှိ ပင်လယ်ကမ်းစပ်တစ်နေရာမှာ စစ်ကောင်စီ ရိက္ခာ ဆန်အိတ် ၃၀၀၀ နီးပါး သယ်ဆောင်လာတဲ့ စက်လှေတစ်စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ဆန်အိတ်ပေါင်း ၂၈၅၀ အိတ်နဲ့ အခြားရိက္ခာပစ္စည်းတွေ သယ်ဆောင်လာတဲ့ မြတ်သီရိအောင် အမည်ရှိ စက်လှေတစ်စီးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့မှာ KNU တပ်မဟာ…