January 5, 2025

တိမ်းရှောင်သူတွေပြန်လာဖို့ စစ်ကောင်စီဖိတ်ခေါ်ချက် ယုံကြည်စရာမရှိ

မော်လမြိုင် ၊ ဇန်နဝါရီ ၅ အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေရဲ့ ထိန်းချုပ်နယ် မြေနဲ့ ပြည်ပနိုင်ငံတွေမှာ တိမ်းရှောင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လာဖို့ စစ်ကောင်စီ ဖိတ်ခေါ်ချက် ယုံကြည်စရာမရှိဘူးလို့ ပြည်သူတွေက ပြောပါတယ်။ အင်အားချိနဲ့မှုနဲ့အတူ စိုးမိုးနယ်မြေများစွာ ဆုံးရှုံးနေရတဲ့ စစ်‌ကောင်စီက အာဏာသက်ရောက်မှု လျော့ကျလာနေတဲ့အခြေအနေမှာ အကြောင်းအမျိုးမျိုးကြောင့် နေရပ်အသီးသီးကို ရောက်ရှိနေသူတွေ ပြန်လာကြဖို့ ဇန်နဝါရီ…

မွန်ပြည်နယ်မှာ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာ

မော်လမြိုင် ၊ ဇန်နဝါရီ ၅ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးမှာ အခုနှစ်အစပိုင်းမှာပဲ လျှပ်စစ်မီးပြတ်တောက်မှု တစ်နေ့ တခြားအခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသတွင်း လျှပ်စစ်မီးရရှိမှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအထိ တစ်ရက်ကိုအလှည့်ကျစနစ်နဲ့ ၈ နာရီဝန်းကျင်ရရှိခဲ့ရာမှ ဒီဇင်ဘာလအတွင်းကစတင်ပြီး တစ်ရက်ကို ၄ နာရီဝန်းကျင်လောက်သာ ရရှိတော့တာ ဖြစ်ပါတယ်။ အခုနှစ်အစမှာတော့ လျှပ်စစ်မီးရရှိချိန်ဟာ တစ်ချိန်ကို…

အနန်းကွင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံး

ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ ၅ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ် ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်လာပါတယ်။ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အ နန်းကွင်းဗျူဟာမရောက်ခင်…

ရေးမြို့မစခန်းမှူးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိ

ကျိုက်ထို၊ ဇန်နဝါရီ ၅ မွန်ပြည်နယ် ရေးမြို့ရှိ ရေးမြို့မရဲစခန်းရဲ့ စခန်းမှူးဒုရဲမှူးအောင်ကျော်စိုးကို တော်လှန်ရေးအင်အားစုပူးပေါင်း တပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ နှစ်ဖက်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို အ တည်ပြုပါတယ်။ ရေးမြို့မစခန်းမှူး ဒုရဲမှူး အောင်ကျော်စိုးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ သိမ်ဇရပ်မြို့ သိမ်ဇရပ်-မုပ္ပလင်လမ်းပိုင်းမှာ ဖမ်းဆီးရမိခဲ့တာပါ။ ခွင့်နဲ့ပြန်လာတဲ့ စခန်မှူးဒုရဲမှူး အောင်ကျော်စိုးဟာ…