တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၂၀ ဦး သတ် ဖြတ်ခံရ
မော်လမြိုင်၊ အောက်တိုဘာလ ၁၈ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ အရပ်သား ၂၀ ဦး သတ်ဖြတ်ခံရပြီး ၃၀၀ ကျော် ဖမ်းဆီးခံရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူတွေထဲမှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၁၇ ဦးအထိ ရှိခဲ့တာပါ။…