2024

မြဝတီမြို့မှာ ရာအိမ်မှူးအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

မြဝတီ၊ အောက်တိုဘာ ၁၉ ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက်ရုံးမှာ ရာအိမ်မှူးအချင်းချင်း စကားများရန်ဖြစ်ရာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေ သခံတွေထံကနေ သိရပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ အမှတ် ၅ ရပ်ကွက်ရုံးအတွင်းရှိနေတဲ့ ရာအိမ်မှူးအချင်းချင်း စကားများရန်ဖြစ်ရာကနေ သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။…

နောင်ချိုမြို့ ဗုံးကြဲခံရလို့ ကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံး

နောင်ချို၊ အောက်တိုဘာ ၁၉ ရှမ်းပြည်နယ် နောင်ချိုမြို့ကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် ဒေသခံသုံးဦး သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။ ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီလေတပ်ကနောင်ချို မြို့ကို ဂျက်လေယာဉ်နဲ့ နှစ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် တောင်ရပ်ကွက်အတွင်းရှိ…

မွန်ပြည်နယ်မှာ မိုးစပါးရိတ်သိမ်းချိန် လုပ်သားရှားပါးမှုနဲ့ ကြုံနေရ

မော်လမြိုင် ၊ အောက်တိုဘာ ၁၉ မွန်ပြည်နယ်မှာ အခုပွင့်လင်းရာသီဖြစ်တဲ့ မိုးစပါးရိတ်သိမ်းချိန်ကာလမှာ အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက် လုပ်သားရှားပါးမှုပြဿနာနဲ့ အကြီးအကျယ်ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ အရင်က လုပ်သားတွေဟာ စပါးရိတ်သိမ်းချိန်ကာလမှာ အလွယ်တကူခေါ်ယူလို့ ရပေမယ့် လက်ရှိ ဒေသတွင်းက ပြည်ပထွက်ခွာမှုများတာ၊ တခြားဒေသတွေက လာရောက်လုပ်ကိုင်သူ မရှိလောက် နည်းပါးလာတာကြောင့် အခက်ကြုံနေရတာပါ။ လုပ်သားရှားပါးတဲ့အတွက် အရင်နှစ်ကထက် စပါးရိတ်သိမ်းခ…

လောင်းလုံးတိုက်ပွဲမှာ အရပ်သားသုံးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရ

လောင်းလုံး၊ အောက်တိုဘာ ၁၉ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ အရပ်သားသုံးဦး သေဆုံးပြီး ရှစ်ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ်ရဲ့ ဂေါ့အင်း၊ ညှင်းမော်၊ ရေဖြူ၊ စပ်ပြဲ၊ ညှင်းပုတ်ကျေးရွာတွေထဲကို စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ နှစ်ဖက်တိုက်ပွဲတွေဟာ…

ဆုံးရှုံးခဲ့တဲ့နယ်မြေတွေကို ပြန်ယူနိုင်ဖို့ စစ်ဆင်ရေးသစ်တစ်ရပ် စစ်ကောင်စီ စီစဉ်ခဲ့

လားရှိုး ၊ အောက်တိုဘာ ၁၉ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက ဆုံးရှုံးခဲ့တဲ့နယ် မြေတွေကို ပြန်လည်သိမ်းယူနိုင်ရေးရည်ရွယ်တဲ့ ရန်နိုင်မင်းစစ်ဆင်ရေးသစ်တစ်ရပ်ကို စစ်ကောင်စီ စီစဉ်ခဲ့တယ်လို့ Myanmar Witness ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ရေးအရ လျင်မြန်စွာအရေးယူဖို့လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့တဲ့ တောင်ကြီးနဲ့ လွိုင်ကော်ခရီးစဉ်အစည်းအဝေးအပြီး စက်တ င်ဘာ ၅ ရက်နဲ့ ၆…

ဖာပွန်ဗျူဟာမကျရေး စစ်ကောင်စီ လေကြောင်းနဲ့ အပြင်း အထန်ခုခံနေ

ဖာပွန်၊ အောက်တိုဘာ ၁၉ ကရင်ပြည်နယ်ရှိ ဖာပွန်စစ်ဗျူဟာနဲ့ ခေါပုတ်တပ်စခန်း မကျရေးအတွက် စစ်ကောင်စီတပ်က လေ ကြောင်းကနေ နေ့စဉ်လိုလို လာရောက်ပစ်ကူပေးနေသလို ခဲယမ်း၊ ရိက္ခာပစ္စည်းတွေကိုလည်း လေ ကြောင်းနဲ့ လာရောက်ပို့ဆောင်ပေးနေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖာပွန်ဗျူဟာနဲ့ ခေါပုတ်တပ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက…

မဟာမိတ်တွေဆီ အာကာသဆက်စပ်ပစ္စည်း တင်ပို့မှု ကန့်သတ်ချက် အမေရိကန် ဖြေလျှော့

ဝါရှင်တန်၊ အောက်တိုဘာ ၁၈ မဟာမိတ်နဲ့ လက်တွဲဖော်နိုင်ငံတွေဆီ ဂြိုဟ်တုနဲ့ အာကာသယာဉ် ဆက်စပ် ပစ္စည်းတချို့ တင်ပို့မှုနဲ့ ပတ်သက်လို့ အမေရိကန် စီးပွားဖြစ် အာကာသဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတွေအပေါ် ချမှတ်ထားတဲ့ ပို့ကုန်ဆိုင်ရာ တားမြစ် ကန့်သတ်ချက်တွေကို အမေရိကန် အစိုးရက အောက်တိုဘာ ၁၇ ရက်မှာ ဖြေလျှော့ပေးလိုက်ပါတယ်။ ဒီပြောင်းလဲမှုတွေက အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားမူဝါဒ အကျိုးစီးပွားတွေကို…

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာကို ဖမ်းဆီးဖို့ ဘင်္ဂလားဒေ့ချ် တရားရုံး ဝရမ်းထုတ်

ဒါကာ၊ အောက်တိုဘာ ၁၈ ကျောင်းသားတွေ ဦးဆောင်တဲ့ တော်လှန်ရေးကြောင့် ရာထူးကနေ ထွက်ပေးလိုက်ရပြီးနောက် သြဂုတ်လမှာ အိန္ဒိယသို့ ထွက်ပြေးသွားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာကို ဖမ်းဆီးဖို့ ဘင်္ဂလားဒေ့ချ် တရားရုံး တစ်ရုံးက အောက်တိုဘာ ၁၇ ရက်မှာ ဝရမ်းထုတ်လိုက်ပါတယ်။ ဒီနေ့ဟာ ထူးခြားတဲ့ နေ့ရက် တစ်ရက် ဖြစ်တယ်လို့ အစိုးရရှေ့နေ မိုဟာမက် တာဂျူလ်…

အကြမ်းဖက်နှိမ်နင်းရေးခေါင်းစဉ်နဲ့ စစ်ကောင်စီ ထင်တိုင်းကြဲလာနိုင်

နေပြည်တော် ၊ အောက်တိုဘာ ၁၈ အာဆီယံက မြန်မာမှာ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့ ပြောနေပေမယ့် စစ်ခေါင်းဆောင်ကတော့ တော်လှန်ရေးအဖွဲ့တွေကို နှိမ်နင်းဖို့လိုအပ်တဲ့ လုပ်ဆောင်မှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းလိုတဲ့ စစ်ကောင်စီက လက်နက်ကိုင်တောင်းဆိုမှုတွေအ ပေါ် လိုက်လျောဖြေရှင်းပေးသွားမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင်က အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ NCA ၉ နှစ်ပြည့် နှစ်ပတ်လည်မိန့်ခွန်းမှာ…

လေးကေကော်မြို့ စစ်ကောင်စီတပ် ကင်းစင်တဲ့မြို့ဖြစ်လာ

မြဝတီ၊ အောက်တိုဘာ ၁၈ ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့မှာ တစ်ခုထဲကျန်ရှိတဲ့ စွယ်တော်ဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် လေးကေကော်မြို့ဟာ စစ်ကောင်စီတပ် ကင်းစင်နယ်မြေဖြစ်သွားပြီလို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် KNU တပ်မဟာ ၆ နယ်မြေ လေးကေကော်မြို့သစ်အနီးက စစ်ကောင်စီတပ်ဖွဲ့အခြေချတပ်စွဲနေထိုင်တဲ့ စွယ်တော်ဗျူ ဟာကုန်း (အမြောက်ကုန်း) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…