2024

သံဖြူဇရပ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုကြီးထွားလာ

သံဖြူဇရပ်မှာ၊ စက်တင်ဘာ ၁၂ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ထဲမှာ အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုကြီးထွားလာပြီး မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှု မြင့်တက်လာပါတယ်။ သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ သံဖြူဇရပ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့သြဂုတ် ၂၀ ရက်နေ့ကနေ စက်တင်ဘာ ၁၁ ရက်နေ့အထိ သုံးပတ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သားငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေဟာ သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီး၊…

အာဏာသိမ်းသုံးနှစ်ကျော်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ် တစ်သိန်းကျော်အထိရှိလာ

စစ်ကိုင်း ၊ စက်တင်ဘာ ၁၂ အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း တစ်သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က စက်တင်ဘာ ၁၀ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ အဲဒီ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်မှာ အရပ်သား နေအိမ် ၂၁၀၀ ကျော်၊ ၂၀၂၂…

ရေးမြို့မှာ PDF ထောက်ပို့စွပ်စွဲချက်နဲ့ ဒေသခံငါးဦး ဖမ်းဆီးခံရ

ရေး၊ စက်တင်ဘာ ၁၂ မွန်ပြည်နယ် ရေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့တာတွေ လုပ် ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံငါးဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားတယ်လို့ မြို့ ခံတွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ ရေးမြို့ ရန်ကြီးအောင်ရပ် ကွက်နေ အသက်…

မြဝတီမြို့ အဆိုးဝါးဆုံး ရေကြီးမှု ထပ်ကြုံနေရ

မြဝတီ၊ စက်တင်ဘာ ၁၁ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ သောင်ရင်းမြစ်ရေ ဆက်တိုက် မြင့်တက်လာတဲ့အတွက် မြန်မာ-ထိုင်းနယ်စပ်မြို့ မြဝတီမြို့မှာ အဆိုးဝါးဆုံး ရေကြီးနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ၃ ရက်ဆက်တိုက် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်ကျရေတွေ စီးဆင်းကျဆင်းလာတဲ့အတွက်ကြောင့် ကရင်ပြည်နယ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းနံဘေးရှိ ကျေးရွာတွေနဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေမှာ စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။…

တောင်တရုတ်ပင်လယ်မှာ အန္တရာယ်ရှိတဲ့ အပြုအမူတွေ မလုပ်ဖို့ တရုတ်ကို အမေရိကန် သတိပေး

ဝါရှင်တန်၊ စက်တင်ဘာ ၁၁ နှစ်နိုင်ငံရဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတွေကြား ပထမဆုံး တိုက်ရိုက် ဆွေးနွေးမှုအတွင်း အမေရိကန် အကြီးတန်း စစ်ဖက်အရာရှိက တရုတ်အစိုးရအနေနဲ့ တောင်တရုတ်ပင်လယ်မှာ အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေ မပြုလုပ်ဖို့ သတိပေးပြောကြားလိုက်ပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ဟာ ကုန်သွယ်ရေးကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ထင်တိုင်းကြဲမှုတို့အထိ ကိစ္စအတော်များများနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲနေဆဲ…

ဗီယက်နမ်မှာ စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၄၀ ကျော်အထိ ရှိလာ

ဟနွိုင်း၊ စက်တင်ဘာ ၁၁ စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ဗီယက်နမ်မှာ သေဆုံးသူ ၁၄၁ ဦး အထိရှိလာကြောင်း အရာရှိတွေက စက်တင်ဘာ ၁၁ ရက်မှာ ပြောကြားချိန်မှာပဲ မြစ်နီမြစ်ရဲ့ ရေမျက်နှာပြင် အလျင်အမြန် မြင့်တက်လာတာကြောင့် မြို့တော် ဟနွိုင်းမြို့ ဒေသခံတွေ ရေဘေးအန္တရာယ်ကြုံနေပါတယ်။ တိုင်ဖွန်းမုန်းတိုင်း ယာဂီ တိုက်ခတ်ချိန်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဗီယက်နမ် မြောက်ပိုင်းမှာ…

ပုလောမှာ စစ်သားစုဆောင်းခံရသူ ၂၇ ဦး ခုခံပြီး ထွက်ပြေးလွတ်မြောက်လာ

ပုလော၊ စက်တင်ဘာ ၁၁ တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီးနောက် ပလောက်သင်တန်းကျောင်းထံ ပို့ဆောင်ခံရတဲ့ လူငယ် ၂၇ ဦးဟာ စစ်ကောင်စီတပ်သားတွေကို ပြန်လည်ခုခံပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲဒီလူငယ်တွေဟာ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် မြန်မာဘက်ကို ပို့ဆောင်ချိန် ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကော့သောင်းမြို့ ဆိပ်ခံဘောတံတားမှာ စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကို ခံခဲ့ရတာပါ။ အဲဒီနောက်…

ပွင့်ဖြူ – စေတုတ္တရာမြို့နယ်အစပ် ကျေးရွာလမ်းပိုင်းတွေမှာ သွားလာခြင်း မပြုကြဖို့ ပွင့်ဖြူ ပ.က.ဖ အသိပေး

မကွေး စက်တင်ဘာ ၁၁ မကွေးတိုင်း ပွင့်ဖြူ-စေတုတ္တရာမြို့နယ်အစပ်ရှိ ကျေးရွာတွေက လမ်းပိုင်းတွေမှာ သွားလာခြင်းမပြုလုပ်ဖို့ ပွင့်ဖြူ ပ.က.ဖ က စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန် အသိပေးထားပါတယ်။ ရုန်းပင်ရွာ၊ ရေရင်ရွာ၊ ဝန်လိုရွာ၊ ခိုနန်းရွာနဲ့ ကန်ရွာတွေကို ချိတ်ဆက်ထားတဲ့ လမ်းပိုင်းတွေကို စစ်ရေးတင်းမာနေလို့ အသုံးမပြုကြဖို့ ထုတ်ပြန်ထားတာပါ။ “အရင်ရက်ကလည်း ပုသိမ်-မုံရွာလမ်းတစ်လျှောက်မှာ တိုက်ပွဲတွေဖြစ်ကြတယ်။ အဲဒါကြောင့်မလို့…

လေကြောင်းအန္တရာယ် သတိထားကြဖို့ ညီနောင်သုံးဖွဲ့ တိုက်တွန်း

မော်လမြိုင်၊ စက်တင်ဘာ ၁၁ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေလာတာကြောင့် နိုင်ငံတဝန်းရှိ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို သတိထားကြဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့က စက်တင်ဘာ ၁၀ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။ ညီနောင်သုံးဖွဲ့က စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်တွေကို မှတ်တမ်းတင်ထားရှိပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို မလိုလားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို…

ထိုင်းမှာ PDF တွေ ဖမ်းဆီးခံနေရပြီလို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ ”ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ တရားမဝင်ခိုလှုံနေတဲ့ PDF တွေကို ထိုင်းရဲတပ်ဖွဲ့က စတင်ဖမ်းဆီးနေတယ်” ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်လော်ဘီတွေဖြစ်တဲ့ Kyaw…