2024

လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းတဲ့ IIMM ရဲ့ အစီရင်ခံ စာတွေကို စစ်ကောင်စီကန့်ကွက်

နေပြည်တော် ၊ စက်တင်ဘာ ၁၃ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းတဲ့ IIMM ရဲ့ ၆ ကြိမ်မြောက် နှစ်စဉ်အစီရင်ခံစာအပါအဝင် အစီရင်ခံစာအားလုံးကို ပြင်းထန်စွာကန့်ကွက်တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက စက်တင်ဘာ ၁၀ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။ လူ့အခွင့်အရေးကောင်စီရဲ့ ၅၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM ရဲ့အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးပွဲကို…

မော်လမြိုင်မှာ စစ်မှုထမ်းအငှားခေါ်မရတော့လို့ မြို့ခံလူငယ်တွေကို စတင်ဆင့်ခေါ်

မော်လမြိုင် ၊ စက်တင်ဘာ ၁၃ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လာမယ့် စစ်မှုထမ်းသင်တန်းအတွက် အစားထိုးလူငှားခေါ်ယူမရတာကြောင့် မြို့ခံလူငယ်တွေကို စတင်ဆင့် ခေါ်နေပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံအနှံ့ တိုက်ပွဲတွေတိုင်းမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ တပ်အင်အားလိုအပ်ချက်ကြောင့် သူတို့စိုးမိုးထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို လစဉ်နီးပါး ခေါ်ယူနေပါတယ်။ စစ်မှုထမ်းသင်တန်း ခေါ်ယူရမှာ အရင်က…

ကြာအင်းဆိပ်ကြီး လွတ်ရှမ်းစခန်းကို KNLA/PDF သိမ်းပိုက်

ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၁၃ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီစခန်းကို စက်တင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ် ဆင်ရေးမှာပါဝင်တဲ့ ရဲ ဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကြာအင်းဆိပ်ကြီးအခြေစိုက် အနန်းကွင်းဗျူဟာနဲ့ လွတ်ရှမ်းစခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…

အမေရိကန်ရဲ့ ခြိမ်းခြောက်မှုခံရပါက တရုတ်နဲ့ ပူးပေါင်းမယ်လို့ ရုရှား ပြော

မော်စကို၊ စက်တင်ဘာ ၁၂ တရုတ်နဲ့ မိမိတို့ရဲ့ လက်တွဲမှုဟာ တတိယနိုင်ငံတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ရည်ရွယ်တာ မဟုတ်ပေမယ့် အမေရိကန်ရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်လာရရင် မိမိတို့ အင်အားကြီး နှစ်နိုင်ငံ ပူးပေါင်းနိုင်ခြေရှိတယ်လို့ ရုရှားက စက်တင်ဘာ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဂျပန်မှာ အမေရိကန်ရဲ့ ဒုံးကျည်တွေ ချထားနိုင်ခြေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန…

ယူကရိန်းကို စီးပွားရေး အကူအညီပေးဖို့ အမေရိကန်နဲ့ ဗြိတိန် ကတိပြု

ကိဗ်၊ စက်တင်ဘာ ၁၂ ယူကရိန်းအတွက် စီးပွားရေးအကူအညီအဖြစ် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ပေးမယ်လို့ အမေရိကန်နဲ့ ဗြိတိန်တို့က စက်တင်ဘာ ၁၁ ရက်မှာ ကတိပြုခဲ့ကြပြီး ရုရှားပိုင်နက် အတွင်းနက်နက်ထဲအထိ တိုက်ခိုက်ရေး လက်နက်တွေ ကန့်သတ်ထားမှုကို ဖြေလျှော့ပေးရေး တောင်းဆိုမှုအတွက် အလျင်အမြန် တုံ့ပြန်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ စိုးရိမ်မှုတွေ မြင့်တက်လာနေချိန်မှာ တစ်သားတည်းရှိကြောင်း…

သထုံခရိုင်မှာ ဒေသခံထောင်ချီ ရေဘေးသင့်

သထုံ ၊ စက်တင်ဘာ ၁၂ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဘီးလင်းမြစ်ရေနဲ့ စစ်တောင်းမြစ်ရေ မြင့်တက်လာတဲ့အတွက် မွန်ပြည်နယ် သထုံခရိုင်မှာ ရေဘေးသင့်သူ ထောင်နဲ့ချီ ရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာပါ။…

တနင်္သာရီတိုက်ပွဲအတွင်း ဒေသခံအမျိုးသမီးသုံးဦး သေဆုံး

တနင်္သာရီ၊ စက်တင်ဘာ ၁၂ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီးသုံးဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖအဖွဲ့ထံကနေ သိရပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ကျွဲထိန်းကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျွဲထိန်းကုန်းကျေးရွာနေ…

နမ့်ခမ်းမြို့ ဗုံးကြဲမှု TNLA အကြီးအကဲတွေ သေဆုံးတယ်လို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား +++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ တအာင်းတပ်မ တော် TNLA အကြီးအကဲတချို့နဲ့ မိသားစုဝင်တွေသေဆုံးတယ်” ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေကနေ သတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ…

စစ်အာဏာသိမ်း (၁၃၁၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၅၂) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၂ AAPP ရဲ့ စက်တင်ဘာ ၁၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၁၉) ရက်အတွင်း ပြည်သူ (၅၆၅၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၃၅၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၈၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ထိုင်းသံအမတ်နဲ့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံစဉ် ဘာတွေဆွေးနွေးခဲ့လဲ

မော်လမြိုင် ၊ စက်တင်ဘာ ၁၂ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Mongkol Visitstump တို့ဟာ စက်တင်ဘာ ၁၀ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ရေးနဲ့ နယ်စပ်ကုန်သွယ်မှု အားကောင်းစေရေး ဆွေးနွေးခဲ့တယ်လို့…