2024

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်တာတွေရှိနေ

ရန်ုကုန် ၊ စက်တင်ဘာ ၁၇ လာမယ့်အောက်တိုဘာမှာ စစ်ကောင်စီကောက်ယူမယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းဟာ ပြည်လုံးကျွတ်ကောက်ယူနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ အကြောင်းအရင်းမှာ နိုင်ငံအနှံ့နီးပါး ဖြစ်ပွားခဲ့တဲ့ ရေဘေးသင့်မှုအပါအဝင် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ လက်လွှတ်ထားရတဲ့ နယ်မြေတွေကြောင့်လို့ ဆိုပါတယ်။ ရေဘေးသင့်မှုကြောင့် လူသားချင်းစာနာမှုအကူအညီတွေရရှိဖို့ ကြိုးပမ်းနေချိန်မှာ စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူဖို့ ဘယ်နှစ်ရက်သာ…

သံဖြူဇရပ်မှာ လက်နက်ကြီးကျလို့ ဒေသခံနှစ်ဦးဒဏ်ရာရ

သံဖြူဇရပ်၊ စက်တင်ဘာ ၁၇ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျောင်းရွာ-လင်မသာ-ဝဲခမိကျေးရွာ ရွာချင်းဆက်လမ်းပေါ် လက် နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အဲဒီကျေးရွာချင်းဆက်လမ်းပေါ် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းရွာအနီး စမ်းချောင်းမှာ ရေကစားပြီး…

လူမှုကွန်ရက်မှာ စစ်ကောင်စီကိုဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ ၁၇၀၀ နီးပါး ရှိလာ

ရန်ကုန် ၊ စက်တင်ဘာ ၁၇ အာဏာသိမ်းမှုအတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၇၀၀ နီးပါးရှိခဲ့တယ်လို့ သုတေသနအဖွဲ့ Data for Myanmar က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ Data for Myanmar ရဲ့…

ရေဘေးအတွက် ထိုင်းရောက်မြန်မာနိုင်ငံသားတွေထံမှ စစ်ကောင်စီ အလှူခံ

ဘန်ကောက် စက်တင်ဘာ ၁၆ မကြာသေးမီက တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်း ယာဂီကြောင့် မြန်မာနိုင်ငံ တဝန်းလုံးနီးပါးမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ရာကနေ အတိဒုက္ခရောက်ခဲ့ကြရတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထံကနေ ဘန်ကောက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက ဆန်အိတ်အပါအဝင် အလှူပစ္စည်းတွေကို တောင်းခံနေတာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားချက်အရ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄…

အာဖဂန်နစ္စတန် နိုင်ငံသား နှစ်သန်းကို အီရန် နေရပ်ပြန်ပို့မယ်

တီဟီရန်၊ စက်တင်ဘာ ၁၆ ခေတ်သစ်ရာဇဝင်မှာ အကြီးမားဆုံးနှင်ထုတ်မှုအဖြစ် အီရန်က အာဖဂန်နစ္စတန်နိုင်ငံသား နှစ်သန်းကို ခြောက်လအတွင်း နေရပ်ပြန်ပို့သွားမယ်လို့ အီရန် အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ အာမက် ရီဇာ ရာဒန်က ပြောကြားလိုက်ပါတယ်။ အီရန် ရဲတပ်ဖွဲ့က ရွှေ့ပြောင်းနေထိုင်သူတွေကို အကြမ်းဖက် ဖမ်းဆီးပြီး တာလီဘန်တွေ အုပ်ချုပ်နေတဲ့ အာဖဂန်နစ္စတန်နယ်စပ်ဆီ ပြန်ပြီး ပို့ဆောင်နေပြီ ဖြစ်ပါတယ်။ ပြည်နယ်တစ်ခုရှိ ဈေးဆိုင်တွေကို…

ဂါဇာစစ်ပွဲကို ဆက်လက် ဆင်နွှဲနိုင်စွမ်းရှိနေဆဲပဲလို့ ဟားမာ့စ်အဖွဲ့ ကြွေးကြော်

အစ္စတန်ဘူလ်၊ စက်တင်ဘာ ၁၆ ဂါဇာစစ်ပွဲ ၁၁ လ ကြာမြင့်လာချိန်မှာ မိမိတို့အနေနဲ့ ဆုံးရှုံးမှုတွေ များပေမယ့် စစ်ပွဲကို ဆက်လက် ဆင်နွှဲနိုင်ရေး ရင်းမြစ်တွေ အများကြီး စုဆောင်းထားပြီး ဖြစ်တယ်လို့ ပါလက်စတိုင်း လက်နက်ကိုင် ဟားမာ့စ်အဖွဲ့ရဲ့ အကြီးတန်း အရာရှိ တစ်ယောက်က စက်တင်ဘာ ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ ခုခံတွန်းလှန်ရေးအင်အားစုအနေနဲ့ ဆက်လက်ခရီးနှင်ဖို့ အင်အားရှိနေဆဲ…

ပွင့်ဖြူမြို့နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး ၁၀ ဦးထက်မနည်း သေဆုံး

မကွေး စက်တင်ဘာ ၁၆ မကွေးတိုင်း ပွင့်ဖြူမြို့နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့မှာ လယ်မကျေးရွာက ပျူစောထီးခေါင်းဆောင်တစ်ဦးကို ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်ခဲ့ပြီးတဲ့နောက် စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ “စလင်းဘက်က လာတဲ့ စစ်ကြောင်းနဲ့…

အကျဉ်းစခန်းဗုံးကြဲမှု AA တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲလိုက်တာကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ AA တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးတယ်”ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက သတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

ရဟတ်ယာဉ်နဲ့ ရေဘေးကယ်ဆယ်ရေးလုပ်နေတယ်လို့ စစ် တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “စစ်ကောင်စီ လေတပ်ကနေ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်ဖို့ ထွက်ခွာသွားတယ်”ဆိုပြီး လေကြောင်းပျံသန်းမှု ရုပ်သံဖိုင်တစ်ခုကို စစ်တပ်လော်ဘီတွေ သတင်းအမှားဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

တရုတ်ရဲ့ ချစ်ကြည်ရေးမူဝါဒ မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူတယ်လို့ ထုတ်ပြန်

ရန်ကုန် ၊ စက်တင်ဘာ ၁၆ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒဟာ မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူတယ်လို့ ရန်ကုန်အခြေစိုက် တရုတ်သံရုံးရဲ့ Facebook လူမှုကွန်ရက်ကနေ စက်တင်ဘာ ၁၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ မကြာသေးမီက မီဒီယာတချို့နဲ့ ပုဂ္ဂိုလ်တွေက တရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်နေတယ်လို့ အကြောင်းမဲ့ အပြစ်တင်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရသူက သဘောထား…