2024

MNDAA ရပ်တည်ချက် တရုတ်ဖိအားကြောင့်လို့ နိုင်ငံရေးအကဲခတ်တွေပြော

လားရှိုး ၊ စက်တင်ဘာ ၂၀ ကိုးကန့်အဖွဲ့ MNDAA အနေနဲ့ NUG နဲ့ စစ်ရေးနိုင်ငံ‌ရေးအရ ပူး‌ပေါင်းမှာမဟုတ်ဘဲ ချက်ချင်းအပစ်ခတ်ရပ်စဲပြီး နိုင်ငံရေးလမ်းစဉ်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်ဆိုတဲ့ ရပ်တည်ချက်ဟာ တရုတ်နိုင်ငံရဲ့ ဖိအားကြောင့်လို့ နိုင်ငံ‌ရေးအကဲခတ်တွေက ပြောပါတယ်။ တရုတ် – မြန်မာနယ်စပ် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA က လတ်တလော နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး စက်တင်ဘာ…

ပုလောမှာ စိတ်မနှံ့တဲ့ အမျိုးသားတစ်ဦးကို စစ်တပ်အရှင် လတ်လတ်မီးရှို့သတ်ဖြတ်

ပုလော၊ စက်တင်ဘာ ၂၀ တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ စိတ်မနှံ့တဲ့ ဒေသခံအမျိုးသားတစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့အပြင် ကျေးရွာအတွင်းရှိ နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၂၀၀ ဝန်းကျင်နဲ့ ရှပ်ပုံကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၈ ရက်နေ့နဲ့ ဒီနေ့ ၁၉…

သံဖြူဇရပ်မှာ လူမှုကူညီရေးအသင်းဝင်ငါးဦး ဖမ်းဆီးခံရ

သံဖြူဇရပ်၊ စက်တင်ဘာ ၂၀ မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ အသင်းနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ ည ၉ နာရီအချိန်ခန့်မှာ အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီ ပူး ပေါင်းတပ်ဖွဲ့ဝင်တွေဟာ သူတို့ငါးဦးကို ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းရုံးမှာ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။ ဖမ်းဆီးခံရသူတွေထဲမှာ…

ဟစ်ဇ်ဘိုလာအဖွဲ့ အသုံးပြုတဲ့ စကားပြောစက် ပေါက်ကွဲမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံး

ဘေရွတ်၊ စက်တင်ဘာ ၁၉ လက်ဘနွန်နိုင်ငံမှာ ကြိုးမဲ့ ဆက်သွယ်ရေးစက်တွေ ဒုတိယအကြိမ် ပေါက်ကွဲမှုကြောင့် လူ၂၀ ဦးထက်မနည်း သေဆုံးပြီး ၄၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ရဲ့ အမာခံနယ်မြေတွေလို့ ရှုမြင်ခံထားရတဲ့ လက်ဘနွန်တောင်ပိုင်း၊ ဘီကာဗယ်လီဒေသ၊ မြို့တော် ဘေရွတ်မြို့ တောင်ဖက် ဆင်ခြေဖုံးဒေသတွေမှာ သူတို့ အဖွဲ့ အသုံးပြုနေတဲ့ လမ်းလျှောက်…

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးမှု ချက်ချင်းရပ်ဖို့ တရုတ်ထံ တောင်းဆို

ဘန်ကောက်၊ စက်တင်ဘာ ၁၉ အိမ်နီးချင်း အင်အားကြီး တရုတ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် ခြိမ်းခြောက်နေတာတွေ အားလုံး ချက်ချင်း ရပ်တန့်ဖို့ မြန်မာလူ့အခွင့်အရေးအဖွဲ့ ၃၀၀ နီးပါးက တောင်းဆိုလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိအားပေးနေတာတွေ ချက်ချင်း ရပ်တန့်ရေး၊ စစ်ကောင်စီအပေါ် လိုက်လျော ခွင့်ပြုမှုတွေ လုပ်ဆောင်လာအောင် ဖိအားပေးနေတာတွေ ရပ်တန့်ရေး မြန်မာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ…

တနင်္သာရီမှာ စစ်တပ်ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် အရပ်သားလေးဦးသေဆုံး

တနင်္သာရီ၊ စက်တင်ဘာ ၁၉ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းကျေးရွာထဲ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးကြဲတိုက် ခိုက်မှုကြောင့် အမျိုးသမီးသုံးဦးအပါအဝင် အရပ်သားပြည်သူလေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကျွဲထိန်းကုန်းကျေးရွာထဲကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း ကျွဲထိန်းကုန်းကျေးရွာနေ…

သီပေါမှာ လက်နက်ကြီးနဲ့လေကြောင်းကြောင့် အမျိုးသမီးနှစ်ဦး ထပ်မံဒဏ်ရာရ

သီပေါ၊ စက်တင်ဘာ ၁၉ တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါ တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ တည်ရှိရာ သီပေါမြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ…

သပြေပင်ရွာရေကြီးမှု လူရှစ်ဦးသာသေဆုံးတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “မန္တလေးတိုင်း ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာ ရေကြီးရေလျှံမှုမှာ လူရှစ်ဦးသာ သေဆုံးခဲ့ကြောင်း” စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းအပါအဝင် တပ်လော်ဘီချန်နယ်တွေမှာ သတင်းအမှားဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ပိုင်…

တောင်သာ လေကြောင်းတိုက်ခိုက်မှုမှာ ဘုရားစေတီတွေ ပျက်စီးတာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲလိုက်တာကြောင့် မန္တလေးတိုင်း တောင်သာမြို့နယ် ပြဿဒ်ကြီးကျေးရွာ ဘုရားကြီးကျောင်းရှိ ဘုရားစေတီတွေ ပျက်စီးတာ မဟုတ်မှန်ကြောင်း”စစ်တပ်သတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့…

စစ်အာဏာသိမ်း (၁၃၂၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၆၆) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၉ AAPP ရဲ့ စက်တင်ဘာ ၁၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၂၆) ရက်အတွင်း ပြည်သူ (၅၆၆၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၃၉၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…