2024

ဒိုက်ဦးထောင်မှာ နိုင်ကျဉ်းတစ်ဦး ပွတ်ချွန်း(ဆေးလိပ်)အခွံတွေ့လို့ဆိုပြီး ရိုက်နှက်နှိပ်စက်ခံရ

ဒိုက်ဦး၊ စက်တင်ဘာ ၂၁ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးထံ ဆေးလိပ်လိပ်ရာမှာ အသုံးပြုတဲ့စာရွက် (ပွတ်ချွန်းအခွံ) တွေ့ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ ထောင်အဆောင်းမှူး ရဲထွဋ်ဝင်းနဲ့ ဒုတပ်ကြပ် စောအောင်ကိုလေးတို့က ပွတ်ချွန်းအခွံတွေ့ ရှိတယ်လို့ ဆိုကာ ပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ်သုံးနှစ်…

မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံးဖွဲ့စည်းဖို့ မွန်လူငယ်နိုင်ငံ ရေးဆွေးနွေးပွဲကနေ ဘုံသဘောတူ

မော်လမြိုင် ၊ စက်တင်ဘာ ၂၁ မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံးဖွဲ့စည်းဖော်ဆောင်ဖို့ မွန်လူငယ်နိုင်ငံရေးဆွေးနွေးပွဲ ၂၀၂၄ ရဲ့ ဘုံသဘောတူညီချက်အဖြစ် စက်တင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ နိုင်ငံရေးအစုအဖွဲ့တွေ၊ ကျောင်းသားသမဂ္ဂ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်အင်အားစုတွေစတဲ့ အစုအဖွဲ့ ၁၁ ခုက မွန်လူငယ်ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို အခုလအတွင်း လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တာပါ။ ဆွေးနွေးပွဲရဲ့…

သထုံမှာ စစ်မှုထမ်းဆင့်ခေါ်ခံရသူတွေ ထွက်ပြေးရင် မိသား စုကို ဖမ်းဆီးမယ်လို့ခြိမ်းခြောက်

သထုံ၊ စက်တင်ဘာ ၂၁ တပ်အင်အားပြုန်းတီးမှုကြောင့် စစ်မှုထမ်းအပတ်စဉ်တွေ ခပ်စိပ်စိပ် ခေါ်ယူနေတဲ့ စစ်ကောင်စီဟာ မွန်ပြည်နယ် သထုံမြို့နယ်မှာ စစ်မှုထမ်းဆင့်ခေါ်ခံရသူတွေ ထွက်ပြေးရင် မိသားစုကိုဖမ်းဆီးမယ်လို့ ခြိမ်းခြောက်လာကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေဟာ အခုစက်တင်ဘာလကစပြီး သထုံမြို့ပေါ်နဲ့ ရပ် ကွက်ကျေးရွာချို့မှာ စစ်မှုထမ်းအမည်စာရင်း ပါရှိသူတွေကို နေအိမ်တွေမှာ ဆင့်ခေါ်စာတွေ လိုက် လံပို့ဆောင်နေတာပါ။ အဲဒီလိုစစ်မှုထမ်း…

စေတုတ္တရာမြို့နယ်က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာလိုအပ်ချက် များပြားနေ

မကွေး စက်တင်ဘာ ၂၀ မကွေးတိုင်း စေတုတ္တရာမြို့နယ်က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက် အတော်တော်များများ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် စေတုတ္တရာမြို့နယ် ဝန်လို၊ ခိုနန်း၊ မုန်ညင်းကျေးရွာတွေမှာ စစ်ဘေးရှောင် ၁၄၀၀ ကျော်ရှိနေတာပါ။ “စုဆောင်းထားတဲ့ဟာတွေကလည်း စစ်တပ်နဲ့ပျူစောထီးတွေက အကုန်သယ်သွားတယ်။ အခု ကာကွယ်ရေးအဖွဲ့တွေကတော့ ကူညီနေတယ်။ဒါပေမဲ့လို့ လုံလုံလောက်လောက်…

စစ်ပွဲအန္တရာယ်အရှိန်မြင့်နေချိန် ကမ္ဘာ့ခေါင်းဆောင်တွေ ကုလသမဂ္ဂမှာ တွေ့ဆုံမယ်

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၀ အရှေ့အလယ်ပိုင်းနဲ့ ဥရောပက စစ်ပွဲတွေ လျှံထွက်ပျံ့နှံ့နိုင်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရချိန် ကမ္ဘာ့ခေါင်းဆောင် ၁၃၀ ကျော်ဟာ လာမယ့် သီတင်းပတ် ကုလသမဂ္ဂမှာ တွေ့ဆုံကြဖို့ ရှိနေကြပါတယ်။ ရာသီဥတုနဲ့ လူသားချင်းစာနာထောက်ထားရေး ပြဿနာတွေ ပိုမိုဆိုးရွားလာနေချိန် အဲဒီစစ်ပွဲတွေ အဆုံးသတ်စေရေး ကြိုးပမ်းမှုတွေ အရှိန်နှေးနေတဲ့ အပေါ် စိတ်ပျက်မှု တချို့ရှိနေပါတယ်။ ကုလသမဂ္ဂရဲ့ နှစ်စဉ်…

အိန္ဒိယရဲ့ လက်နက်ခဲယမ်းတွေ ယူကရိန်းထဲ ဝင်ရောက်နေလို့ ရုရှား ဒေါသထွက်

နယူးဒေလီ၊ စက်တင်ဘာ ၂၀ အိန္ဒိယလက်နက် ကုမ္ပဏီတွေ ရောင်းချလိုက်တဲ့ လက်နက်ကြီး ကျည်အခွံတွေကို ဥရောပ ဖောက်သည်တွေက ယူကရိန်းသို့ ပေးပို့နေပြီး ရုရှားက ကန့်ကွက်မှုတွေ ပြုလုပ်ထားပေမယ့် ဒီရောင်းဝယ်မှုကို တားဆီးရေး နယူးဒေလီအစိုးရက ကြားဝင်ဆောင်ရွက်မှု မရှိတာကြောင့် မော်စကိုအစိုးရက ဒေါသထွက်နေပါတယ်။ ရုရှားရန်ကို ခုခံ ကာကွယ်ရေး ယူကရိန်းသို့ လက်နက်ခဲယမ်း ပေးပို့ ကူညီမှုတွေဟာ လွန်ခဲ့တဲ့…

ဖားကန့်မှာ ပြည်သူတွေကို PDF တွေ ပစ်သတ်နေတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနေ ပြည်သူတွေကို PDF တွေ ပစ်သတ်နေတယ်”ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေကနေ သတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကော်စီလက်အောက်ခံ…

ကျောက်ကြီးမှာ ဒရုန်းဗုံးကျပြီး အရပ်သားထိခိုက်မှု KNU ကြောင့်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ရှစ်လအရွယ် ကလေးငယ်အပါအဝင် အရပ်သားသုံးဦး ဒဏ်ရာရရှိမှု KNU ကြောင့်”ဆိုပြီး စစ်တပ်သတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

စစ်အာဏာသိမ်း (၁၃၂၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၇၁) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၂၀ AAPP ရဲ့ စက်တင်ဘာ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၂၇) ရက်အတွင်း ပြည်သူ (၅၆၇၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၄၁၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

KNU တပ်မဟာ ၆ နယ်မြေမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ် ပွားနေ

ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၂၀ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ အနန်းကွင်းစစ်ဗျူဟာ၊ အာရှလမ်းမကြီးနဲ့ လေးကေကော်မြို့သစ်အနီး စွယ်တော်ကုန်းတို့မှာ KNLA PDF တော်လှန်ရေးအင်အား စုနဲ့ စစ်ကောင်စီတပ်တို့အကြား နေ့စဉ်ရက်ဆက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ KNU တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပေါ်က လွတ်ရှမ်းတပ်စခန်းကို စက်တင်ဘာ…