2024

မကွေးယောအခြေစိုက် YDF တပ်က ရခိုင်မှာ AA နဲ့အတူတိုက်ပွဲဝင်နေ

ဂန့်ဂေါ – ဇန်နဝါရီ ၁၃ မကွေးတိုင်း၊ယောကာကွယ်ရေးတပ် – YDF ဟာရခိုင်ပြည်နယ်က စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ တွေမှာ ရက္ခိုင့်တပ်တော် AA နဲ့အတူတိုက်ပွဲဝင်နေတယ်လို့ YDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလဒုတိယအပတ်က ကျောက်တော်မြို့နယ် တောင်ရှည်တောင်ဗျူဟာစခန်း သိမ်းတိုက်ပွဲမှာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ “မကြာသေးခင်ကမှ ကျွန်တော်တို့ယောဒေသက စစ်ကောင်စီပွိုင့်ကုန်းတွေကို သိမ်းခဲ့တာတွေ ရှိတယ်။…

စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ အပစ်ရပ်ဖို့ သဘောတူခဲ့တယ်လို့ အတည်ပြု

မော်လမြိုင်၊ ဇန်နဝါရီ ၁၃ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ မြို့သိမ်းစခန်းသိမ်း တိုက်ပွဲတွေကို စစ်ကောင်စီနဲ့ နှစ်ဖက်အပစ်ခတ်ရပ်စဲဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၁၂ ရက်နေ့ ည ၉ နာရီခွဲအချိန်မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ ညီနောင်မဟာမိတ်သုံးဖြစ်တဲ့ MNDAA၊ TNLA…

စစ်အာဏာသိမ်း (၁၀၇၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၄၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၃ AAPP ရဲ့ ဇန်နဝါရီ (၁၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၇၆) ရက်အတွင်း ပြည်သူ (၄၃၄၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၇၉၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

လူဟောင်းတွေနဲ့ပြန်ဖွဲ့တဲ့ မွန်ပြည်သစ်လမ်းစဉ်က ပိုနေမြဲကျားနေမြဲလော

ရေးချောင်းဖျား ၊ ဇန်နဝါရီ ၁၃ ၁၁ ကြိမ်မြောက် ပါတီညီလာခံကနေ လူသစ်နှစ်ဦး ထပ်တိုးရုံကလွဲရင် ခေါင်းဆောင်ပိုင်း အပြောင်း အလဲမရှိတဲ့အပေါ် မွန်ပြည်သစ်ပါတီအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းမှာ ရပ်တည်ချက် ပြောင်းလဲမယ့်လမ်းစမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကစလို့ ပါတီညီလာခံကို ဌာနချုပ်ရှိရာ ရေးချောင်းဖျားမှာ စတင်ကျင်း ပခဲ့ပြီး လက်ရှိမှာတော့…

နိုင်ငံအနှံ့တိုက်ပွဲတွေကြောင့် မသန်စွမ်းသူတွေ အသက်ရှင်သန်နေထိုင်ဖို့ ပိုမိုခက်ခဲလာ

မော်လမြိုင် ၊ ဇန်နဝါရီ ၁၃ အာဏာသိမ်းကာလအတွင်း နိုင်ငံအနှံ့တိုက်ပွဲတွေအပြင် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မသန် စွမ်းသူတွေဟာ ဘဝရပ်တည်နိုင်ရေးနဲ့ အသက်ရှင်သန်နေထိုင်ဖို့ ပိုမိုခက်ခဲလာတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ MCERP က သံလွင်တိုင်းမ်ကို ပြောပါတယ်။ တိုင်းပြည်အာဏာအရပ်ရပ်ကို မဲစာရင်းမှားယွင်မှု အကြောင်းပြချက်နဲ့ လက်နက်အားကိုးပြီး စစ် တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်နီးပါးကာလအတွင်း တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို စစ်ကောင်စီတပ်ရဲ့…

ကျိုက်မရောစစ်ရှောင် နှစ်သောင်းကျော် နှစ်လကြာတဲ့အထိ နေရပ်မပြန်နိုင်သေး

ကျိုက်မရော၊ ဇန်နဝါရီ ၁၃ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၂၀၀၀၀ ကျော်ဟာ နှစ်လကြာတဲ့အထိ နေရပ်မပြန်နိုင်သေးသလို စားနပ်ရိက္ခာနဲ့ဆေးဝါး အကူအညီလိုအပ်မှု မြင့်တက်လာတယ်လို့ စစ်ရှောင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ ချောင်းခွနယ်မြေရဲစခန်းနဲ့တံတားဂိတ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ…

လောင်းလုံးမှာ စစ်ရှောင်ဒုက္ခသည် တစ်သောင်းကျော်အထိတိုးလာ

လောင်းလုံး၊ ဇန်နဝါရီ ၁၂ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ တစ်လနီးပါးအကြာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် ဒေသခံ ၁၂၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကစပြီး ဒီနေ့အထိ လောင်းလုံးမြို့နယ်ထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာ ၁၆ ရွာက ဒေသခံ…

သမ္မတရာထူးရှိချိန်မှာ တရုတ်နဲ့ဆော်ဒီဆီက ငွေကြေးလက်ခံရရှိခဲ့တယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က သူသမ္မတတာဝန်ထမ်းဆောင်ချိန်မှာ နိုင်ငံခြားအစိုး ရတွေဆီက ငွေကြေးလက်ခံခဲ့တာဟာ နိုင်ငံခြားအစိုးရအဖွဲ့တွေအတွက် ဝန်ဆောင်မှုပေးခဲ့တာ ကြောင့် ငွေအနည်းငယ် ရရှိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ထရန့်ရဲ့စီးပွားရေးလုပ်ငန်းတွေဟာ သူအမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေချိန် အတွင်း တရုတ်နဲ့ ဆော်ဒီအာရေးဗီးယားတို့ဆီက ဒေါ်လာ ၇ ဒသမ ၈ သန်းထက်မနည်း လက်ခံရရှိခဲ့တယ်လို့ လွှတ်တော်ကြီးကြပ်ရေးကော်မတီရဲ့ အစီရင်ခံစာမှာဖော်ပြထားတာပါ။ သူပိုင်တဲ့…

ရုရှားမှာ စစ်လက်နက်ပစ္စည်းတွေ ပြတ်လပ်နေပြီလို့ ယူကရိန်း သမ္မတပြော

ကိဗ်၊ ဇန်နဝါရီ ၁၃ ရုရှားမှာ စစ်လက်နက်ပစ္စည်းတချို့ ပြတ်လပ်နေတာကြောင့် ယူကရိန်းအနေနဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်လိုက်ပါက ပူတင်အတွက် အမြတ်ထွက်သွားနိုင်တယ်လို့ သမ္မတ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။ အက်စတိုးနီးယားနိုင်ငံ တယ်လင်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်ခိုက်မှုတွေ ရပ်တန့်လိုက်ပါက လက်နက်ရရှိရေးအပိုင်းနဲ့ပတ်သက်ပြီး ယူကရိန်းအတွက် အကျိုးရှိမယ်ဆိုတဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး အခုလိုတုံ့ပြန်ခဲ့တာပါ။ ယူကရိန်း နယ်နိမိတ်ထဲက စစ်မြေပြင်မှာ တိုက်ခိုက်မှုတွေကို ရပ်တန့်လိုက်တာက…

ကျိုက်ထိုမြို့ရှိ စစ်တပ်ပိုင် အင်းဝဘဏ်တိုက်ခိုက်ခံရပြီး ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

ကျိုက်ထို၊ ဇန်နဝါရီ ၁၂ မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ စစ်တပ်ပိုင် အင်းဝဘဏ်လုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အင်းဝဘဏ်လုံခြုံရေးအဖွဲ့ကို ဒီနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ကားတစ်စီးနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့တဲ့အတွက် နှစ်ဖက်အပြန်အလှန်…