2024

ထိုင်ဝမ်ရွေးကောက်ပွဲအနိုင်ရ ခေါင်းဆောင်အား ဂုဏ်ပြုသူတွေကို တရုတ်အပြစ်တင်

ဘေဂျင်း ၊ဇန်နဝါရီ ၁၇ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရ ခေါင်းဆောင်အား ချီးကျူးဂုဏ်ပြုခဲ့ကြတဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကို တရုတ်က အပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ပြည်သူ့ဒီမိုကရက်တစ် ပါတီ DPP ရဲ့ဒုတိယသမ္မတ ဝီလီယမ်လိုင် အနိုင်ရခဲ့ပြီး ဒီမိုကရေစီနဲ့အာဏာရှင်စနစ် အားပြိုင်နေချိန်မှာ သူ့ပါတီက တတိယအကြိမ်မြောက် အောင်ပွဲရရှိခဲ့တာပါ။ အာဏာရပါတီရဲ့ အောင်ပွဲကို အမေရိကန်နဲ့…

စစ်အာဏာသိမ်း (၁၀၈၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၇၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၇ AAPP ရဲ့ ဇန်နဝါရီ (၁၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၈၀) ရက်အတွင်း ပြည်သူ (၄၃၇၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၈၂၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၉၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ကျိုက်မရောထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုတွေရှိလာ

ကျိုက်မရော၊ ဇန်နဝါရီ ၁၇ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အခုရက်ပိုင်းအတွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် PPNM က သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားသေဆုံးမှုအရ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က ထောင်ဒဏ်တသက်ကျခံနေရတဲ့ အသက် ၄၃ နှစ်အရွယ် ကိုရာရှင်(ခေါ်) ဟာရှင်ဟာ စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ခံရတဲ့…

တရုတ်ကြားဝင်မှုနဲ့ ဟိုင်ဂင်သဘောတူညီချက် စစ်ကောင်စီကြောင့်အသက်မဲ့

မော်လမြိုင် ၊ ဇန်နဝါရီ ၁၆ တရုတ်ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား အပစ်ခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီချက်ဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အသက်မဲ့သွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာနှောင်းပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီဟာ တရုတ်အကူအညီနဲ့ တတိ ယကြိမ်အထိ ဆွေးနွေးမှုတွေ ကြိုးပမ်းခဲ့တာပါ။ ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁…

မွန်ပြည်နယ်တောင်ပိုင်းဒေသ စစ်ရေးအရှိန်မြှင့်မှာဖြစ်လို့ အသွားအလာသတိထားကြဖို့ တိုက်တွန်း

ရေး၊ ဇန်နဝါရီ ၁၇ မွန်ပြည်နယ်တောင်ပိုင်းဒေသမှာ မကြာမီကာလအတွင်း စစ်ဆင်ရေးတွေ အရှိန်မြှင့်တင်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အသွားအလာသတိထားကြဖို့ ဒေသအခြေစိုက်တော်လှန်ရေးအင် အားစုတွေက တိုက်တွန်းလိုက်ပါတယ်။ မွန်ပြည်နယ်တောင်ပိုင်း ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုတွေဟာ ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေးတွေ အရှိန်မြှင့်တင်သွားမှာဖြစ်ပြီး မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်သွားမယ်လို့ အခုနှစ်ဆန်းပိုင်းမှာ အသိပေးကြေညာထားပါတယ်။ အဲဒီကြေညာချက်နဲ့အတူ မကြာမီကာလအတွင်း မွန်ပြည်နယ်ရဲ့ ရေး၊ သံဖြူဇရပ်နဲ့ မုဒုံအပါအဝင် မော်လမြိုင်မြို့…

ရခိုင်မှာ ဒေသခံနေအိမ် ၈၀ ကျော် စစ်တပ် မီးရှို့ဖျက်ဆီး၊ အရပ်သား ၂ ဦး သတ်ဖြတ်ခံရ

စစ်တွေ၊ ဇန်နဝါရီ ၁၆ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူ ၂ ဦးကို သတ်ဖြတ်သွားပြီး ဒေသခံနေအိမ်အလုံး ၈၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ တောကန်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။…

ကယားပြည်နယ်နေ့ အခမ်းအနားကို အခန်းကျဉ်းတစ်ခုအတွင်း စစ်ကောင်စီ အကျဉ်းချုံးကျင်းပ

လွိုင်ကော် ၊ ဇန်နဝါရီ ၁၆ ပြည်နယ်နေရာအနှံ့တိုက်ပွဲတွေအပြင် လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွေကြောင့် ဒီနှစ်မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို စစ်ကောင်စီက လွိုင်ကော်မြို့မှာ အကျဉ်းချုံးကျင်းပခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က ကျရောက်တဲ့ ကယားပြည်နယ်နေ့အခမ်းအနားကို လွိုင်ကော် လေဆိပ်အနီး နောင်ယားရပ်ကွက်မှာရှိတဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ အခန်းကျဉ်းတစ်ခုအတွင်း လူ ၁၅၀ လောက်နဲ့…

KNU သိမ်းပိုက်ထားတဲ့ လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

မြဝတီ၊ ဇန်နဝါရီ ၁၆ ကရင်အမျိုးသားအစည်းအရုံး KNU တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ် မြဝတီမြို့အနီးက လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့တယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ KNLA တော်လှန်ရေးအင်အားစုအဖွဲ့တွေ သိမ်းပိုက်စိုးမိုးထားတဲ့ လက်ခတ်တောင်စခန်းကုန်းကို ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်မှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး…

ပေါက်တောမှာ စစ်တပ်ကရွာကိုမီးရှို့ပြီး ရက္ခိုင့်တပ်တော် AA ကိုအပြစ်ဖို့သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ရခိုင်ပြည်နယ်၊ပေါက်တောမြို့ တောင်ဘူးကျေးရွာကို စစ်တပ်ကဝင်ရောက်လာစဉ် AA က ရွာကို မီးရှို့ထွက်ပြေးတယ်ဆိုပြီး သတင်းမှားဖြန့်နေတဲ့အကြောင်းကို ဒီနေ့မှာစိစစ်ပေးသွားမှာ ဖြစ်ပါ တယ်။ ဒီအကြောင်းကို စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ Ko Thet၊ကျော်စွာ၊ရဲဘညွန့်နဲ့ ဟန်ငြိမ်းဦးတို့မှာ…

မွန်ပြည်နယ် ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ထပ်မံသေဆုံး

ကျိုက်မရော၊ ဇန်နဝါရီ ၁၆ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဆေးကုသခွင့် အပြည့်အဝ မရတာကြောင့် နိုင်ငံရေးအကျဉ်းသား တစ်ဦး ထပ်မံသေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင် ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် မီးသတ်တပ်ဖွဲ့ဝင် CDM ဝန်ထမ်းတစ်ဦးလည်းဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်ဟာ ဇန်နဝါရီ ၁၅ ရက်နေ့ ည ၁၀…