2024

ရေစကြိုရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို PDF စီးနင်းတိုက်ခိုက်

ရေစကြို – ဇန်နဝါရီ ၁၈ မကွေးတိုင်း၊ရေစကြိုမြို့နယ်က စစ်ကောင်စီအထိုင်တပ်စခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက် ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီအထိုင်စခန်းတွေဖြစ်တဲ့ ရုံးပေါင်းစုံ(ထွေအုပ်ရုံး တပ်စခန်းနဲ့ ငြိမ်းဇာနည် (စစ်မှုထမ်းဟောင်းရုံး) တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။…

ဖားကန့်စစ်ရှောင် ၅၀၀၀ ကျော်ကို စစ်တပ်က စားနပ်ရိက္ခာပံ့ပိုးထားတယ်ဆိုပြီး သတင်းမှား ဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် ဝှေခါရွာက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၅၀၀၀ ကျော်ကို စစ်တပ်က ဆန်နဲ့ စားနပ်ရိက္ခာတွေ ပံ့ပိုးပေးထားတယ်လို့ သတင်းမှားဖြန့်နေတဲ့ အကြောင်းကို ဒီနေ့မှာ စိစစ်ပေးသွားမှာပါ။ ဒီအကြောင်းကို စစ်တပ်ဝါဒဖြန့်မီဒီယာတွေဖြစ်တဲ့…

ရခိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု စံချိန်တင်မြင့်တက်လာ

ရခိုင်၊ ဇန်နဝါရီ ၁၈ စစ်ရေးအရ အထိနာနေတဲ့ စစ်ကောင်စီဟာ စစ်‌ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်လူထုတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် လေကြောင်းတိုက်ခိုက်မှုတွေဟာလည်း စံချိန်တင် မြင့်တက်လာခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှု တွေရှိနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၇ ရက် မနက် ၆ နာရီခွဲအချိန်ခန့်မှာ ကျောက်တော်မြို့နယ် အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ-၃၇၆…

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း ဈာပနာအခမ်းအနားကို ဂျပန်ရေတွင်းကျေးရွာမှာ ပြုလုပ်မယ်

ဘုရားသုံးဆူ၊ဇန်နဝါရီ ၁၈ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌကြီး နိုင်ထောမွန်ရဲ့ ဈာပနအ ခမ်းအနားကို ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘုရားသုံးဆူမြို့ရှိ ဂျပန်ရေတွင်းကျေးရွာမှာ လာမယ့် ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ မွန်ပြည်သစ်ပါတီက သတင်းထုတ်ပြန်ပါတယ်။ အသက် ၇၈ နှစ်အရွယ် နိုင်ထောမွန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ ထိုင်းစံတော်ချိန် မနက် ၇…

ရေးအခြေစိုက် ခလရ ၁၀၆ တပ်ရင်း တိုက်ခိုက်မှုမှာ စစ်သား ၄ ဦး သေဆုံးတယ်လို့ ရေးဘီလူးအဖွဲ့ပြော

ရေး၊ ဇန်နဝါရီ ၁၈ မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၀၆) ခြေလျင်တပ်ရင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်း ဆောင်က ပြောပါတယ်။ အဲဒီတပ်ရင်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ရေးဘီလူးအဖွဲ့က အ လစ်ငိုက်ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့တာ…

စစ်ကောင်စီအလိုကျ ပြည်သူ့စစ်ဖွဲ့စည်းမှုမှာ ပါဝင်သူတွေကို ပြင်းထန်စွာအရေးယူမယ်

မော်လမြိုင်၊ ဇန်နဝါရီ ၁၈ စစ်ကောင်စီအလိုကျ ပြည်သူတွေကိုဖိအားပေး ပြည်သူစစ်ဖွဲ့စည်းတဲ့လုပ်ငန်းမှာ ပါဝင်နေသူအား လုံးကို ပြင်းထန်စွာအရေးယူသွားမယ်လို့ NUG ရဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ဇန်နဝါရီ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ စစ်မျက်နှာအနှံ့ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ တပ်ဖွဲ့ဝင်အင်အား ချိနဲ့ပြုန်းတီးလာတာ၊ စိတ်ဓာတ်ရေးရာ ပြိုကျပျက်စီးလာတာကြောင့် ပြည်သူ့စစ်အဖြစ် ပြည်သူတွေကို လိမ်လည်လှည့်…

စစ်အာဏာသိမ်း (၁၀၈၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၈၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၈ AAPP ရဲ့ ဇန်နဝါရီ (၁၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၈၁) ရက်အတွင်း ပြည်သူ (၄၃၈၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၈၃၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၀၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မြန်မာ့ပြည်တွင်းရေး တရုတ်လွှမ်းမိုးမှုရှိတယ်လို့ NUG ယာယီသမ္မတပြော

မော်လမြိုင်၊ ဇန်နဝါရီ ၁၈ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရေးမူဝါဒ သဘောထားတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေးအခြေအနေတွေအပေါ် လွှမ်းမိုးမှုရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တက်ကြွပြီး လွတ်လပ်တဲ့…

သိမ်ဇရပ်မှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

ကျိုက်ထို၊ ဇန်နဝါရီ ၁၈ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ သုံးခွကျေးရွာအတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ ည ၆ နာရီခွဲအချိန်ခန့်မှာ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၁၀) အ မြောက်တပ်ကနေ…

ဘီးလင်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားစေတီတစ်ဆူနဲ့ လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီး

ဘီးလင်း၊ ဇန်နဝါရီ ၁၈ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက် ခိုက်မှုတွေကြောင့် ဘုရားစေတီတစ်ဆူ၊ ဘာသာရေးအဆောက်အဦးတစ်လုံးနဲ့ လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီး ခဲ့တယ်လို့ KNU သထုံခရိုင်က ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ…