2024

သထုံခရိုင်ကျေးရွာတွေထဲ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု တစ်နေ့တခြားပိုဆိုးလာ

သထုံ၊ ဇန်နဝါရီ ၂၀ မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာထဲတွေကို အခုနှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု တစ်နေ့တခြား ပိုဆိုးလာပြီး အရပ်သားထိ ခိုက်သေဆုံးမှု မြင့်တက်လာတယ်လို့ သိရပါတယ်။ သံလွင်တိုင်းမ်က လက်လှမ်းမီသလောက်ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီတပ်ဟာ အခုနှစ်ဇန်နဝါရီ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ရက်ပေါင်း ၂၀ အတွင်း ကျိုက်ထို၊ဘီးလင်းနဲ့သထုံမြို့နယ်ထဲကို လက်နက်ကြီးပစ်ခတ်မှု…

ရေးကြိုးတံတားစခန်း တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

ရေး၊ ဇန်နဝါရီ ၂၀ မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်ကျေးရွာအနီး ရေး-သံဖြူရပ်လမ်းပိုင်းရှိ စစ်ကောင်စီရဲ့ ကြိုးတံတားစခန်းကို ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ဆင်ရေးမှာ ပါဝင်တဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ဝင်ထံက သိရပါတယ်။ စစ်ကောင်စီနဲ့နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်အင်အား ၃၀ ကျော် တပ်စွဲနေထိုင်တဲ့ ကြိုးတံတားစခန်းကို ဒီကနေ မနက် ၈…

“မွန်ဘာသာနဲ့တေးသီချင်းတွေသီဆိုပေးခဲ့တဲ့ ဂန္ထဝင်အဆိုတော်ကြီးမာမာအေးအကြောင်းအမှတ်တရတွေကို ပြန်ပြောင်းပြောပြပေးခဲ့တဲ့ မွန်ဂီတပညာရှင် နိုင်ဗညားအောင်”

အသံကဝေမကြီးလို့ တင်စားကြတဲ့ ဂန္ထဝင်အဆိုတော်ကြီး မာမာအေးဟာ ပြီးခဲ့တဲ့ဇန်နဝါရီ ၉ ရက်နေ့ မြန်မာစံ တော်ချိန် ၆ နာရီအချိန်ခန့်မှာ အမေရိကန်ပြည်ထောင်စု၊ ဖို့ဒ်ဝိန်းမြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ၁၉၅၀ အစောပိုင်းကနေ ၁၉၉၈ ထိ မြန်မာပြည်တေးလောကမှာ တဟုန်ထိုးနာမည်ကြီးလာတဲ့ ဂန္ထဝင်အဆိုတော်ကြီး မာမာအေးဟာ မေ့ကွက်ကိုရှာ၊သက်တန့်ပေါ်မှာ ကစားမယ်ကစပြီး တရေးချစ်ခွင့်မြင်ရနိုး ၊ မောင့်အချစ်မျှား၊ ချစ်သူ့နယ်မြေစတဲ့ နာမည်ကြီးဂန္တဝင်သီချင်းပေါင်း ထောင်ချီ…

စစ်အာဏာသိမ်း (၁၀၈၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၉၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၀ AAPP ရဲ့ ဇန်နဝါရီ (၁၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၈၃) ရက်အတွင်း ပြည်သူ (၄၃၉၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၈၄၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၀၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ညီညွတ်ရေးပါတီဟာ နာသုံးနာပါတီလို့ ရာမညအင်စတီကျူပြော

မော်လမြိုင် ၊ ဇန်နဝါရီ ၂၀ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံအတိုင်းအတာအရ ဆဋ္ဌမနေရာကနေ ကိုယ်စားလှယ်နေရာ အများဆုံး အနိုင်ရရှိခဲ့တဲ့အတွက် မွန်ညီညွှတ်ရေးပါတီဟာ စစ်ကောင်စီကြောင့် နာသုံးနာပါတီဖြစ်နေရတယ်လို့ နိုင်ငံရေးသုတေသနအဖွဲ့အဖြစ်တဲ့ ရာမညအင်စတီကျူရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ရာမညအင်စတီကျူရဲ့ ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၄ နဲ့ မွန်နိုင်ငံရေး အပတ်စဉ်သုံး သပ်ချက် အစီရင်ခံစာအရ မွန်ညီညွတ်ရေးပါတီဟာ…

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်

ရေး၊ ဇန်နဝါရီ ၂၀ ဝါရင့်မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးမြို့နယ် ကမ်းနီကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခတ်မှုကြောင့် ကွမ်းခြံတွေအ တွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၅၉၁) ခြေမြန်တပ်ရင်းကနေ ဇန်နဝါရီ ၁၈ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်မှာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကမ်းနီးကျေးရွာအနီးပတ်ဝန်း ကျင်ကို…

KNU နယ်မြေမှာ တစ်နှစ်အတွင်း အရပ်သား ၂၀၀ နီးပါး အသတ်ခံရ

မော်လမြိုင်၊ ဇန်နဝါရီ ၂၀ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီ တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေကြောင့် အရပ်သားပြည်သူ ၂၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြည်သူလူထုအပေါ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှု၊ မိုင်းထောင်မှု၊ ပေါ်တာနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုမှု၊ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုအပါ…

အမေရိကန် တာဝေးပစ် ဒုံးကျည်အစင်း ၄၀၀ ဂျပန် ဝယ်ယူမယ်

တိုကျို၊ဇန်နဝါရီ ၂၀ ဂျပန်နိုင်ငံဟာ အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည်တွေ ဝယ်ယူခွင့်ပြုတဲ့စာချုပ်ကို ဂျပန်ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၈ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ တာဝေးပစ်ဒုံးကျည်အစင်း ၄၀၀ ဝယ်ယူရေးအတွက် ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရူ ကီဟာရာနဲ့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရမ် အမ်မြူရယ်တို့ဟာ တိုကျိုမှာ လက်မှတ်ရေးထိုးခဲ့တာပါ။ တရုတ်၊မြောက်ကိုရီးယားနဲ့ရုရှားတို့ရဲ့ အန္တရာယ်တွေအပါအဝင် ဒေသတွင်းအန္တရာယ်တွေကို တားဆီးဖို့နဲ့ သူတို့ရဲ့…

တော်ဝင်မိသားစုကို ဝေဖန်ခဲ့တဲ့ ထိုင်းနိုင်ငံသား ထောင်အနှစ် ၅၀ ချခံရ

ဘန်ကောက်၊ ဇန်နဝါရီ ၂၀ ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုကိုဝေဖန်ခဲ့မှုနဲ့ပတ်သက်ပြီး နိုင်ငံသားတစ်ဦးကို ထောင်ဒဏ် အနှစ် ၅၀ ချမှတ်ခဲ့တယ်လို့ တရားဥပဒေအခွင့်အရေးဆိုင်ရာအဖွဲ့တစ်ခုက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ချမှတ်ခဲ့တာဖြစ်ပြီး အစိုးရဟာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို တားဆီးဖို့ အဲဒီအငြင်းပွားဖွယ်ရာ ဥပဒေကို အသုံးချမှု ပိုမိုများပြားလာခဲ့တာပါ။ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ မွန်ကိုးလ် သီရာကော့ကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ…

ပေါင်းတည်မှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရ ထိခိုက်သေဆုံးရှိခဲ့

ပေါင်းတည် – ဇန်နဝါရီ ၁၉ ပဲခူးတိုင်း၊ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု မအူကွင်းရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူး PDF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းမှာ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁…