ဆီဆိုင်မြို့ကို စစ်တပ်လေယာဉ်နဲ့ဗုံးကြဲနေလို့ ဘုန်းကြီးကျောင်းတွေအပါအဝင် ဒေသခံတွေရဲ့ နေအိမ်တွေမီးလောင်နေ
ဆီဆိုင် – ဇန်နဝါရီ ၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်းတွေအပါအဝင် အရပ်သားတွေနဲ့ နေအိမ်တွေမီးလောင်ပျက်စီးမှုတွေရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၄ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့နဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO/PNLA တို့ကြားပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ဆီဆိုင်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာပါ။ လက်ရှိအချိန်မှာတော့ တော်လှန်တပ်တွေဟာ စစ်ကောင်စီ ခမရ…