2024

ဂျပန်မှာ ခရီးသည်တင်လေယာဉ်တစ်စီး တိုက်မိမီးလောင်မှု ဖြစ်ပွား

တိုကျို၊ ဇန်နဝါရီ ၂ ဂျပန်နိုင်ငံ တိုကျိုမြို့ ဟာနီဒါလေဆိပ်မှာ ခရီးသည်ရာနဲ့ချီ တင်ဆောင်လာတဲ့ ဂျပန်လေကြောင်းလိုင်း JAL လေယာဉ် တစ်စီးဟာ ငလျင်ဘေး ကူညီပေးနေတဲ့ ကမ်းခြေစောင့်တပ်လေယာဉ်နဲ့ တိုက်မိပြီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ JAL လေကြောင်းလိုင်း ခရီးစဉ် အမှတ် ၅၁၆ လေယာဉ်ဟာ ဂျပန်မြောက်ပိုင်း ဆာပိုရိုမြို့ကနေ ဒေသစံတော်ချိန် ညနေ ၅…

တနင်္သာရီမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်မှာ ဂိတ်ချထားတဲ့ စစ်ကောင်စီတပ် အလစ်ငိုက်တိုက်ခိုက်ခံရ

တနင်္သာရီ၊ ဇန်နဝါရီ ၂ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်အတွင်း ဂိတ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ငိုက်တိုက်ခိုက်ခံရပြီး ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မနေ့ ဇန်နဝါရီ ၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ ဗိုလ်ချုပ်ကြေးရုပ်အတွင်း ဂိတ်ချထားတဲ့ စရဖနဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ အလစ်ငိုက်ဝင်ရောက်…

မိုးဗြဲတမြို့လုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီတပ်ပေါင်းစုပြော 

မိုးဗြဲ – ဇန်နဝါရီ ၂ ကရင်နီပြည်နယ်၊မိုးမြဲမြို့နယ် စက်တော်ရာကုန်းမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ ခမရ ၅၁၈ နဲ့ စစ်ကောင်စီတပ်စခန်း ၉ ခုကို ကရင်နီတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်ထားနိုင် တာကြောင့် မြို့ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။ ၁၁၁၁ စစ်ဆင်ရေးပြီးနောက် ဝါရီဆူပလိုင်မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်သားတချို့ဟာ မဟာမိတ်တပ်ပေါင်းစုထံ လက်နက်ချအလင်းဝင်ရောက်ထားသလို…

TNLA က ကလေးစစ်သားတွေအသုံးပြုနေတယ်လို့ တပ်လော်ဘီတွေ ဝါဒဖြန့်

မင်္ဂလာပါရှင် သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စီစစ်ပေးသွားမှာပါ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုက ကလေးသူငယ်တွေကို စစ်သားအဖြစ် အဓမ္မ စုဆောင်းနေတယ်လို့ စစ်တပ်လော်ဘီတွေက ဖြန့်ဝေနေတဲ့ ဓာတ်ပုံတွေကို ဒီနေ့မှာ စိစစ် ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ဝါဒဖြန့်မီဒီယာတွေဖြစ်တဲ့ ရန်ကြီးအောင်(အောင်စစ်သည်)၊နန်းငယ် တယ်လီဂရမ်ချန်နယ်၊ဟန်ငြိမ်းဦးနဲ့ MWD…

ကောလင်းမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

ကောလင်း၊ ဇန်နဝါရီ ၂ စစ်ကိုင်းတိုင်း၊ ကောလင်မြို့ကို ဒီနေ့ ဇန်နဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Kawlin Revolution-KR ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီနေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှစပြီး တော်လှန်‌ရေး အင်အားစုတွေ သိမ်းယူထားတဲ့…

မြင်းခြံမြို့ရှိ ကျေးရွာတွေမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၁၇ ဦးသေဆုံး

မြင်းခြံ၊ ဇန်နဝါရီ ၂ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြင်းခရိုင်၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ စခန်းချတပ်စွဲထားတဲ့ နေရာတွေကိုတော်လှန်ရေးမဟာ မိတ် ပူးပေါင်းတပ်တွေက တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ၁၇ ဦးသေဆုံးခဲ့တယ်လို့ စစ်ကိုင်းခရိုင် အမှတ်-၆ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ရက်နေ့မှာ မြင်းခြံမြို့နယ် ညောင်တိုကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ ပျူစောထီးပူပေါင်းစခန်းကို…

ပုလောမှာ ပြည်သူ့စစ်အဖွဲ့၀င် ၁ ဦး လက်နက်နဲ့အတူ အလင်း၀င်ရောက်လာ

ပုလော၊ ဇန်နဝါရီ ၂ တနင်္သာရီတိုင်း၊ ပုလောမြိုနယ်၊ ပုလောကုန်း ကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့၀င် ရဲဘော် ၁ ဦး အလင်း၀င်ရောက်လာတယ်လို့ ပူရိယက္ခညီနောင်စစ် ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပုလောကုန်းကျေးရွာနေ ပြည်သူ့စစ်ရဲဘော် စိုးနိုင်ဆိုသူဟာ KNDO ဦးစီးတဲ့ ပူရိယက္ခညီနောင်စစ်ကြောင်းကို ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ အလင်း၀င်ရောက်ခဲ့ပါတယ်။အလင်း၀င်လာတဲ့ ပြည်သူ့စစ်ရဲဘော် စိုးနိုင်ဟာ…

၂၀၂၄ မှာ နိုင်ငံရေးဘုံသဘောတူညီချက် အပြီးသတ်လုပ်ဆောင်ဖို့ KNU တိုက်တွန်း

မော်လမြိုင်၊ ဇန်နဝါရီ ၂ ၂၀၂၄ ခုနှစ်မှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းနိုင်ဖို့အတွက် တကယ်လိုအပ်တဲ့ နိုင်ငံရေးခံယူချက်၊ ရပ်တည်ချက်နဲ့ ဘုံသဘောထားတွေကို တညီတညွတ်တည်း အပြီးသတ်လုပ်ဆောင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU တိုက်တွန်းလိုက်ပါတယ်။ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNU ရဲ့ ပြည်သူလူထုထံ နှစ်သစ်ကူးသတင်းစကား ပြောကြားရာမှာ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက စစ်အာဏာရှင်ချုပ် ငြိမ်းရေးဆောင်ရွက်နေတဲ့ မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းခဲ့တာပါ။…

အတိုက်အခံအဖွဲ့အစည်းတွေကြောင့် တိုင်းပြည်နစ်နာနေတာလို့ စစ်ခေါင်းဆောင်အပြစ်ဖို့စွပ်စွဲ

မော်လမြိုင်၊ ဇန်နဝါရီ ၂ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကာလအတွင်း အတိုက်အခံအဖွဲ့အစည်းတွေရဲ့ လုပ်ရပ်ကြောင့် နိုင်ငံပိုင်နဲ့ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ ဖြစ်ခဲ့တယ်လို့ အာဏာ သိမ်း စစ်ခေါင်းဆောင်က အပြစ်ဖို့စွပ်စွဲပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ အာာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ် ကူးနှုတ်ခွန်းဆက်မိန့်ခွန်းမှာ…

ပေါင်မြို့နယ်မှာ ဘိန်းစာရွက်သယ်ဆောင်တဲ့ အမျိုးသားတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရလို့ သေဆုံး

ပေါင်၊ ဇန်နဝါရီ ၂ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျွဲခြံကျေးရွာမှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၆ နာရီအချိန်ခန့်က ဘိန်းစာရွက် တွေ သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦးသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မုတ္တမကျွဲခြံကျေးရွာရှိ ပေါင်-သထုံခရိုင်ချင်းဆက်လမ်းပိုင်းမှာ ဘိန်းစာရွက်တွေ တင်ဆောင်လာတဲ့ ဟိုက် ဂျက်ယာဉ်တစ်စီးနဲ့ ဆိုင်ကယ်တစ်စီးကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ဖမ်းဆီးဖို့…