2024

ပွင့်ဖြူမြို့နယ်မှာ ပျူစောထီးတွေ ဦးဆောင်ပြီး သန်းခေါင်စာရင်း ကောက်မယ်

မကွေး စက်တင်ဘာ ၃၀ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အောက်တိုဘာလဆန်းက စလို့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ ဦးဆောင်ပြီး ရပ်ကွက်နဲ့ ကျေးရွာအလိုက် သန်းခေါင်စာရင်းကောက်မယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မယ်လို့ဆိုတဲ့ သန်းခေါင်စာရင်းကောက်ဖို့အတွက် သင်တန်းတက်ထားသူတွေက ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကြောင့် သန်းခေါင်စာရင်းစာအုပ်တွေ ပြန်အပ်ခဲ့ကြတယ်လို့ သိရပါတယ်။ “အသက်နဲ့ရင်းရမယ့်ကိစ္စမျိုး ဖြစ်တာကြောင့် ပြန်အပ်ခဲ့တယ်လို့ သိရတယ်။ ကိုယ့်အသိထဲကကို…

ဟစ်ဇဘိုလာအဖွဲ့ ခေါင်းဆောင် သေဆုံးပြီးနောက် အီရန်ခေါင်းဆောင်ကို လုံခြုံတဲ့ နေရာသို့ ရွှေ့ပြောင်း

ဒူဘိုင်း၊ စက်တင်ဘာ ၃၀ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အီရန် ထောက်ပံ့ထားတဲ့ ဟစ်ဇဘိုလာအဖွဲ့ရဲ့ ခေါင်းဆောင် သေဆုံးသွားပြီးနောက်တစ်ရက် အကြာမှာ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို အီရန်နိုင်ငံအတွင်းမှာရှိတဲ့ လုံခြုံတဲ့နေရာဆီ ရွှေ့ပြောင်းထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အီရန်ရဲ့ ဒေသတွင်း လက်နက်အင်အား အကောင်းဆုံးနဲ့ အပြည့်စုံဆုံး မဟာမိတ်ဖြစ်တဲ့ ဟစ်ဇဘိုလာကို အစ္စရေးက…

ဖိလစ်ပိုင်မှာ အမေရိကန် ဒုံးကျည်ချထားမှု တရုတ် သတိပေး

ရှန်ဟိုင်း၊ စက်တင်ဘာ ၃၀ ဖိလစ်ပိုင်မှာ အမေရိကန်က တာလတ်ပစ် ဒုံးကျည်ချထားမှုကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို အားလျော့စေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်မှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့မှာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုတေးယူလ်နဲ့ ဆွေးနွေးချိန် ဝန်ကြီး…

ကျိုက်ထိုမှာ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေးငယ် တစ်ဦး သေဆုံး

ကျိုက်ထို၊ စက်တင်ဘာ ၃၀ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝင်းကံနဲ့ကျောက်ရေတွင်း ကျေးရွာကြားရှိ အောင်သပြေ ရော်ဘာခြံမှာ တိုက်ပွဲလက်ကျန် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ရော်ဘာခြံနေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မောင်ပြည့်ဖြိုးအောင်ဟာ လမ်းကနေ ကောက်ယူလာတဲ့ လက်နက်ကြီး ၄၀…

စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖိတ်ခေါ်ချက် မွန်ပြည်ဖက်ဒရယ်ကောင်စီ လက်မခံ

မော်လမြိုင် ၊ စက်တင်ဘာ ၃၀ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီက ပါဝင်လက်ခံမှာ မဟုတ်ဘူးလို့ စက်တင်ဘာ ၂၉ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး နိုင်ငံရေးဆွေးနွေးဖို့ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့မှာ ဖိတ်ခေါ်ခဲ့ပါတယ်။ စစ်ကောင်စီဟာ နိုင်ငံရေး၊…

ရေး-ထားဝယ် ရထားလမ်းပိုင်းကို PDF မိုင်းခွဲဖျက်ဆီးတယ်လို့ စစ်တပ်လုပ်ကြံသတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “ရေး-ထားဝယ် ရထားလမ်းပိုင်းရှိ တံတားတစ်စင်းကို စစ်ကောင်စီတပ် မိုင်းခွဲဖျက်ဆီးမှုကို PDF တွေ မိုင်းခွဲတာ”ဆိုပြီး စစ်ကောင်စီတပ် လုပ်ကြံသတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…

ထိုင်းမှာအဖမ်းခံရတဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော်ဟာ PDF တွေလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ အဖမ်းခံရတဲ့ မြန် မာ ၃၀၀ ကျော်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဖြစ်တယ်”ဆိုပြီး စစ်တပ်လော်ဘီတွေ…

ခရီးသွားဝင်ရောက်မှု ပိုတိုးလာဖို့ စစ်ခေါင်းဆောင်မျှော်လင့်

နေပြည်တော် ၊ စက်တင်ဘာ ၂၉ အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့နီးပါး တိုက်ပွဲတွေ ပြင်ထန်ပြီး တိုင်းပြည်မတည်ငြိမ်မှုတွေ ဖြစ်ပွားနေချိန် ပြည်ပခရီးသွားဝင်ရောက်မှုပိုများလာဖို့ စစ်ခေါင်းဆောင်ကမျှော်လင့်နေတယ်လို့ စစ်ကောင် စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ အဲဒီအခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဟာ…

နိုင်ငံရေးဆွေးနွေးဖို့ကမ်းလှမ်းမှု အချက် ၃ ချက်ကြောင့်လို့ စစ်ကောင်စီပြော

နေပြည်တော် ၊ စက်တင်ဘာ ၂၈ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ တော်လှန်ရေးအဖွဲ့တွေကို ကမ်းလှမ်းဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး အချက် ၃ ချက်ကြောင့်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းမီဒီယာတွေမှာ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့က တော်လှန်ရေးမှာပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF အဖွဲ့တွေကို လက်နက်စွန့်ခိုင်းပြီး ပါတီနိုင်ငံရေး ရွေးကောက်ပွဲလမ်းကြောင်းကနေ နိုင် ငံရေးပြဿနာကို ဖြေရှင်းဖို့…

မော်လမြိုင်မှာ ရေသန့်ဈေးနှုန်း ထပ်မံတိုးမြှင့်

မော်လမြိုင်၊ စက်တင်ဘာ ၂၉ စက်သုံးဆီအပါအဝင် အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ၂၀ လီတာ ရေသန့်တစ်ဗူးကို ကျပ် ၁၅၀၀ အထိ တိုးမြှင့်လိုက်တယ်လို့ မော်လမြိုင်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်းက ကြေညာပါတယ်။ ရေသန့်ဈေးနှုန်း တိုးမြှင့်ရတာဟာ အထွေထွေကုန်ကျစရိတ် မြင့်မားလာတာ၊ စက်သုံးဆီဈေးနှုန်းနဲ့ ရေသန့်လုပ်ငန်းသုံးပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ရေသန့်ဈေးနှုန်းကို မော်လမြိုင်မြို့နယ် ရေသန့်လုပ်ငန်းရှင်တွေရဲ့ ညှိနှိုင်းသဘောတူညီမှုအရ အောက်တိုဘာ ၁…