2024

ကတိုင်တိဒေသထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ BGF တပ်အထိနာပြီး ပြန်လည်ဆုတ်ခွာ

ဖာပွန်၊ အောက်တိုဘာ ၁ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ ကတိုင်တိဒေသထဲ စစ် ကြောင်းထိုး ဝင်ရောက်လာနေတဲ့ စစ်ကောင်စီ BGF ပူးပေါင်းတပ် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ KNLA တော်လှန်ရေးတပ်ဖွဲ့တို့ ဝိုင်းရံပိတ်ဆို့ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဖာပွန်စစ်ဗျူဟာနဲ့ အခြားတပ်စခန်းတွေကို…

လေးကေကော်မြို့အနီးနဲ့ ဒေါနတောင်ပေါ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေ

မြဝတီ၊ အောက်တိုဘာ ၁ ကရင်ပြည်နယ် မြဝတီခရိုင် လေးကေကော်မြို့သစ်အနီးနဲ့ ဒေါနတောင်ပေါ်လမ်းပိုင်းတွေမှာ KNLA တော်လှန် ရေးအင်အားစုအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်း ရင်း မြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ နိုင်ငံတော်အဆင့် စစ်ဆင်ရေးလို့ခေါ်ဆိုတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA တော်လှန်ရေး အင်အားစုအဖွဲ့တို့ကြား ဒေါနတောင်ပေါ်လမ်းပိုင်းမှာ အခုရက်ပိုင်းတွေအတွင်း နှစ်ဖက်တိုက်ပွဲတွေ အပြင်းအ ထန် ဖြစ်ပွားနေတာပါ။…

နိုင်ငံတဝန်း ရေဘေးအန္တရာယ် ထပ်ကြုံနိုင်တယ်လို့ မိုးဇလသတိပေး

မော်လမြိုင်၊ အောက်တိုဘာ ၁ မြန်မာနိုင်ငံမှာ လာမယ့် အောက်တိုဘာ ၅ ရက်နေ့အထိ ရေဘေးအန္တရာယ် ထပ်မံကြုံတွေ့နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာ ၃၀ ရက်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့ နေ့လည် ၁၂ နာရီခွဲ တိုင်းထွာချက်တွေအရ အနောက်ဘက်မှ ရွှေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန်ကြောင့် အပူပျံတက်တိမ်မှားဖြစ်ထွန်းမှု အားကောင်းလာတဲ့အ တွက်…

ထိုင်းရောက် မြန်မာတွေ ဆန္ဒပြခံရတာ NUG/PDF ကြောင့်လို့ စစ်တပ်လော်ဘီတွေဝါဒဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ထိုင်းရောက် မြန်မာနိုင်ငံသားတွေ ဆန္ဒပြခံရတာ NUG /PDF ကြောင့်”ဆိုပြီး စစ် တပ်လော်ဘီချန်နယ်တွေကနေ ဝါဒဖြန့်လုပ်ကြံသတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီ လက်အောက်ခံ…

စစ်အာဏာသိမ်း (၁၃၃၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၇၁၂) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁ AAPP ရဲ့ စက်တင်ဘာ ၃၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၃၈) ရက်အတွင်း ပြည်သူ (၅၇၁၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၄၈၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

သန်းခေါင်စာရင်းကောက်ယူမှု အချက်အလက်အမှန်မပေးဖို့ မွန်တော်လှန်ရေးအဖွဲ့တွေ သတိပေး

မော်လမြိုင် ၊ အောက်တိုဘာ ၁ လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖြည့်စွက်ကောက်ယူသွားမယ့် စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ အချက်အလက်အမှန်မပေးဖို့ မွန်တော်လှန်‌ ရေးအဖွဲ့တွေ သတိပေးလိုက်ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာ ရင်းကို စာရင်းကောက်ကွက်ပေါင်း ၁၁၀,၀၀၀ နဲ့ နိုင်ငံတဝန်းမှာ တပြိုင်နက်တည်း ကွင်းဆင်းကောက်ယူဖို့ ရှိနေတာပါ။ အဲဒီအတွက်…

သန်းခေါင်စာရင်းကောက်ယူမှု ဆန့်ကျင်ကြဖို့ ထားဝယ်သပိတ်ကော်မတီတိုက်တွန်း

ထားဝယ်၊ အောက်တိုဘာ ၁ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုကို ပြည်သူလူထုတွေအနေနဲ့ လိုက်ပါဆောင်ရွက်ခြင်းမရှိဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ DDM SC က တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံအနှံ့ရှိ ပြည်သူတွေဟာ စစ်ဘေးဒဏ်နဲ့ ရေဘေးတွေကြောင့် ဒုက္ခရောက်နေချိန် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်လုံးကျွတ် သန်းခေါင်းစာရင်း…

ကမမောင်းမှာ စစ်မှုထမ်းဖို့စစ်ကောင်စီနဲ့ BGF အတင်း အကျပ် စာရင်းကောက်ယူနေ

ကမမောင်း၊ အောက်တိုဘာ ၁ ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့မှာ ဒေသခံလူငယ်အမျိုးသားတွေကို စစ်မှုထမ်းဆောင်ဖို့အတွက် စစ်ကောင်စီနဲ့ BGF တို့က အတင်းအကျပ် စာရင်းလိုက်လံကောက်ယူနေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF ဟာ သူတို့စိုးမိုးထိန်းချုပ်နေတဲ့ ကမမောင်းမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ စက်တင်ဘာလအစောပိုင်းရက်ကစပြီး ဒေသခံလူငယ်အမျိုးသားတွေကို စစ်မှုထမ်းဖို့အတွက်ဆိုပြီး စာရင်းကောက်ယူမှုပြုလုပ်နေတာပါ။…

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်ရင်း နှစ်ခု တိုက်ခိုက်ခံရ၊ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

ကျိုက်ထို၊ စက်တင်ဘာ ၃၀ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း နှစ်ခုကို ဒီနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ တပြိုင်နက်တည်း သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။ သိမ်ဇရပ်မြို့ စစ်ကွင်းကျေးရွာအနီး အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်နဲ့ အမှတ် ၂၀၇ ခြေမြန်တပ်ရင်းတို့ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေ လက်နက်ကြီးအပြင်…

ရေဖြူမှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ရေဖြူ၊ စက်တင်ဘာ ၃၀ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဂန့်ဂေါ်တောင်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေဖြူမြို့နယ် ဝေဟင်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် ည ၇ နာရီခွဲအချိန်ခန့်မှာ ဂန့်ဂေါ်တောင်ကျေးရွာနေ အသက် ၆၀ ဝန်းကျင်အရွယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ ဦးတင်မြင့်ဟာ…